DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပထမဆုံး စတော့အိပ်ချိန်း ဒီဇင်ဘာလစတင်ရန် ရွှေ့ဆိုင်း
DVB
·
August 31, 2015
မြန်မာ့ပထမဆုံး စတော့အိပ်ချိန်း ဒီဇင်ဘာလစတင်ရန် ရွှေ့ဆိုင်း
Donate to DVB

ပထမဆုံးမြန်မာစတော့အိပ်ချိန်းကို ရွေးကောက်ပွဲကြောင့် လာမယ့်ဒီဇင်ဘာလ ပထမပတ်မှာ စတင်ဖွင့် လှစ်သွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက ပြောပါ တယ်။

ရန်ကုန်စတော့အိပ်ချိန်းကို မူလက ၂၀၁၅ ခုနှစ်အောက်တိုဘာလမှာ စတင်နိုင်မယ်လို့ ရည်ရွယ်ထားတာဖြစ်ပေမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲကြောင့် ရွှေ့ဆိုင်းလိုက်ရတာဖြစ်ပါတယ်။

မြန်မာစတော့အိပ်ချိန်းစတင်ချိန်မှာ မြန်မာ့စီးပွားရေးဘဏ်အနေနဲ့ ဂျပန်နိုင်ငံမှ တိုကျိုစတော့အိပ်ချိန်း၊ ဒိုင်ဝါသုတေသနဌာနတွေနဲ့ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ဆိုပါ တယ်။

လုပ်ငန်းစတင်ချိန်မှာ ကုမ္ပဏီ ၅ ခုလောက်စတင်လုပ်ဆောင်သွားမှာဖြစ်ပြီး ကန ဦးလုပ်ငန်းစတင်ချိန်မှာ ပြည်တွင်းက အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (အေဂျီဒီ)၊ အက်ဖ် အမ်အိုင်ကုမ္ပဏီနဲ့ မြန်မာနိုင်ငံ လယ်ယာစီးပွားအများပိုင်ကုမ္ပဏီ (မက်ပ်ကို) တို့က လာမယ့် စတော့အိပ်ချိန်းဈေးကွက်မှာ ပါဝင်လာမှာဖြစ်ပါတယ်။

ပါဝင်တဲ့ရင်းနှီးမြုပ်နှံမှုတွေအနေနဲ့ မြန်မာ့စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်းနဲ့ ဒိုင် ၀ါသုတေသနကုမ္ပဏီက ၃၀ ဒဿမ ၂၅ ရာခိုင်နှုန်း၊ ဂျပန်စတော့အိပ်ချိန်းဖက်စပ်ကုမ္ပ ဏီက ၁၈ ဒဿမ ၇၅ ရာခိုင်နှုန်းအသီးသီးထည့်ဝင်ထားတယ်လို့ ဆင်ဟွာသတင်းတ ပုဒ်မှာ ဖော်ပြပါတယ်။

စတော့အိပ်ချိန်းဈေးကွက်လုပ်ငန်း ၄ ခုအတွက် ကုမ္ပဏီ ၅၇ ခုက လုပ်ငန်းလုပ် ကိုင်ခွင့် လျှောက်ထားခဲ့ကြတယ်လို့ မြန်မာငွေချေးသက်သေခံလက်မှတ် ရောင်းဝယ် ရေးကော်မရှင်ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြခဲ့ပါ တယ်။

အာမခံလုပ်ငန်းအတွက် ကုမ္ပဏီအခု ၂၀၊ အရောင်းကိုယ်စားလှယ်လုပ်ငန်းအ တွက် ကုမ္ပဏီ ၂ ခု၊ ကြားခံပွဲစားလုပ်ကိုင်ခွင့်အတွက် ကုမ္ပဏီ ၅ ခုနဲ့ အတိုင်ပင်ခံလုပ် ငန်းအတွက် ကုမ္ပဏီ အခု ၃၀ လျှောက်ထားခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013