DVB Logo
Home
မြန်မာသတင်း
မြန်မာအစိုး​ရတပ်နှင့်​ ​ကေအိုင်​အေတပ်တို့​ တိုက်ပွဲများ​ ဆက်ဖြစ်​နေဆဲ
DVB
·
June 18, 2011
မြန်မာအစိုး​ရတပ်နှင့်​ ​ကေအိုင်​အေတပ်တို့​ တိုက်ပွဲများ​ ဆက်ဖြစ်​နေဆဲ
Donate to DVB

ကချင်နယ်​မြေမှာ မြန်မာအစိုး​ရတပ်နဲ့​ ​ကေအိုင်​အေ (ကချင်လွတ်​မြောက်​ရေး​တပ်) တို့​ ၁၀ ရက်​မြောက် တိုက်ပွဲ​တွေ ဆက်ဖြစ်​နေဆဲပါ။ ဒီ​နေ့​မှာလည်း​ တိုက်ပွဲ​တွေ ဆက်ဖြစ်​နေပြီး​ ကချင်ပြည်နယ် မိုး​ညှင်း​မြို့​နယ်ထဲမှာ မ​နေ့​က​နေ ဒီ​နေ့​တ​နေကုန် တိုက်ပွဲဖြစ်​နေတယ်လို့​ ​ဒေသခံတ ဦး​က ခုလို​ပြောပြပါတယ်။

“ဒီ​နေ့​တော့​ တိုက်ပွဲ​တော့​ ရှိတယ်။ တပ်ရင်း​ ၅ ဘက် ​ရွှေဂူမြို့​နယ်ထဲမှာ..။ ဒီမနက် ၁၁ နာရီ​လောက်ကတည်း​က ဖြစ်တာ ခုလည်း​ ဖြစ်​နေတုန်း​ပဲ။ တပ်မဟာ ၂ လက်​အောက်ခံ တပ်ရင်း​ ၅ ရဲ့​ ​ရှေ့​တန်း​ တပ်ခွဲ ခလရ ၁၄၁ က​နေလာတိုက်တာ။ အကျအဆုံး​တော့​ မသိရ​သေး​ဘူး​။”

ဗန်း​မော်မြို့​မှာ​တော့​ အစိုး​ရတပ်ဘက်က ညမထွက်ရအမိန့်​ ထုတ်ထား​ပြီး​ အပြင်ထွက်မိတဲ့​ အရပ်သား​တွေကို ပစ်ခတ်လို့​ ​သေဆုံး​မှု​တွေ ဖြစ်ပွား​နေတယ်လို့​ ဗန်း​မော်​ဒေသခံက ​ပြောပြပါတယ်။ ဗန်း​မော်က​နေ မံစီဘက်အထွက် ရွာတရွာမှာ ပစ်ခတ်လို့​ ​သေဆုံး​ရပုံကို ဗန်း​မော်ဒသခံက ခုလို​ပြောပြပါတယ်။

“၆ နာရီ​လောက်ကို ဗန်း​မော်လမ်း​က​နေ မံစီဘက်အထွက် လင်မယား​နှစ်​ယောက် လမ်း​လျှောက်လာတာကို ပစ်လိုက်မိတာ မိန်း​မ​တော့​ ဆုံး​သွား​တယ်။ သူ့​ယောက်ျား​က​တော့​ ​ဆေး​ရုံ​ရောက်သွား​တယ်။”

တာပိန်​ရေအား​လျှပ်စစ်စက်ရုံကို တရုတ်အင်ဂျင်နီယာ​တွေက ပိတ်သွား​လို့​ ဗန်း​မော်မြို့​မှာ လျှပ်စစ်မီး​ လုံး​ဝပြတ်​တောက်​နေတာ ​လေး​ရက်ရှိပြီလို့​လည်း​ ​ပြောပါတယ်။

ဒီလ ၉ ရက် ကြာသပ​တေး​နေ့​ကတည်း​က စတင်ဖြစ်ပွား​တဲ့​ ဒီတိုက်ပွဲ​တွေနဲ့​ ပတ်သက်လို့​ အစိုး​ရဘက်က မ​နေ့​ကအထိ သတင်း​မထုတ်ပြန်ခဲ့​ဘဲ ဒီ​နေ့​ ဆယ်ရက်​မြောက်​နေ့​မှာ​တော့​ အစိုး​ရပိုင် မြန်မာ့​အလင်း​နဲ့​ ​ကြေး​မုံသတင်း​စာတို့​က​နေ သတင်း​ထုတ်ပြန်လာပါတယ်။

ကေအိုင်​အေဘက်က ခြိမ်း​ခြောက်ပြီး​ စတင်ပစ်ခတ်လို့​ မလွှဲမ​ရှောင်သာ ပြန်တိုက်ခိုက်ရတာလို့​ ​ဖော်ပြထား​ပါတယ်။ လျှပ်စစ်စီမံကိန်း​ကို ကာကွယ်​စောင့်​ရှောက်ဖို့​ တိုက်ခိုက်တာလို့​လည်း​ အစိုး​ရသတင်း​မှာ ​ဖော်ပြပါတယ်။

ကေအိုင်​အေဟာ ​ဒေသဖွံ့​ဖြိုး​ရေး​စီမံကိန်း​လုပ်ငန်း​တွေကို တား​မြစ် ​နှောင့်​ယှက်တယ်၊​ ​ရေအား​လျှပ်စစ်စီမံကိန်း​က တရုတ်ဝန်ထမ်း​တွေကို ခြိမ်း​ခြောက်တယ်လို့​ စွပ်စွဲထား​ပါတယ်။

ဒီလိုစွပ်စွဲ​ဖော်ပြချက်နဲ့​ ပတ်သက်လို့​ ​ကေအိုင်​အေ သတင်း​စု​ဆောင်း​ရေး​နှင့်​ ဖြန့်​ချိ​ရေး​ကော်မတီက ဒု-ဗိုလ်မှူး​ကြီး​ယော်ထုံကို ဆက်သွယ်​မေး​မြန်း​တဲ့​အခါ ခုလို တုံ့​ပြန်ပါတယ်။

“သူတို့​ပြော​လေ့​ပြောထရှိတဲ့​ ​လေသံနဲ့​ ​ပြောတာ ​ရေး​တာပဲ ဖြစ်လိမ့်​မယ်။ လျှပ်စစ်မီး​ကို ဘာမှ ​နှောင့်​ယှက်တာ မရှိပါဘူး​။ ဒါက သူတို့​ စွပ်စွဲချက်​ပေါ့​။”

အစိုး​ရသတင်း​မှာ တရုတ်ကုမ္ပဏီနဲ့​ ပူး​ပေါင်း​ဆောင်ရွက်​နေတဲ့​ တာပိန်​ရေအား​လျှပ်စစ် စီမံကိန်း​ကို ​ကေအိုင်​အေက ​နှောင့်​ယှက်ခြိမ်း​ခြောက်တယ်၊​ လက်နက်ကြီး​တွေနဲ့​ပစ်တယ်၊​ လျှပ်စစ်တာဝါတိုင်​တွေကို မိုင်း​ထောင် ​ဖောက်ခွဲဖျက်ဆီး​တယ်။

ဒါ့​ကြောင့်​ တရုတ်ဝန်ထမ်း​ ၂၁၅ ဦး​ ထွက်ခွာသွား​ခဲ့​ပြီး​ စက်ရုံကို ပိတ်လိုက်ရတယ်လို့​ အစိုး​ရသတင်း​မှာ ​ဖော်ပြပါတယ်။ ဒါ​ကြောင့်​ အစိုး​ရတပ်က တိုက်ခိုက်ရ တာလို့​ ဆိုပါတယ်။ ​ကေအိုင်​အေက အဓိကကျတဲ့​ တံတား​ ၂၅ စင်း​ကို ဇွန် ၁၄ ရက်က​နေ ၁၆ ရက် အတွင်း​ ဖျက်ဆီး​ခဲ့​တယ်လို့​ ဆိုပါတယ်။

ဇွန် ၈ ရက်မှာ တာပိန်​ရေအား​လျှပ်စစ်စီမံကိန်း​က တပ်မ​တော် လုံခြုံ​ရေး​တပ်ဖွဲ့​က စစ်သည်တဦး​ကို ​ကေအိုင်​အေ ဒွန်ဘုံစခန်း​က ​ခေါ်ယူစစ်​ဆေး​ပြီး​ ဒီကိစ္စ သွား​ရောက်​ဖြေရှင်း​တဲ့​ အရာရှိနှစ်ဦး​ကို ​ကေအိုင်​အေက ဖမ်း​ဆီး​ထိန်း​သိမ်း​ခဲ့​တယ်၊​ ဒါ့​အပြင် ဗန်း​မော်က​နေ တာပိန်​ရေအား​လျှပ်စစ် စီမံကိန်း​ ဘက်ကို ချီတက်တဲ့​စစ်​ကြောင်း​ကို ​ကေအိုင်​အေက ပစ်ခတ်တယ်၊​ ဒါ​ကြောင့်​ ပစ်ခတ်တိုက်ခိုက်ပြီး​ အရာရှိနှစ်ဦး​ကို ဇွန် ၉ ရက်မှာ ပြန်​ခေါ်နိုင်တယ် စသဖြင့်​ အစိုး​ရသတင်း​က ​ဖော်ပြပါတယ်။ ဒါ​ပေမယ့်​ ​ကေအိုင်​အေ ဒု-တပ်ကြပ်တဦး​ကို မြန်မာအစိုး​ရတပ်မ​တော်ဘက်က ဖမ်း​ဆီး​ခဲ့​ပြီး​ အ​လောင်း​ ပြန်​ပေး​ ခဲ့​တဲ့​ကိစ္စကို​တော့​ ​ဖော်ပြမထား​ပါဘူး​။

ကေအိုင်​အေဘက်က​တော့​ သူတို့​ဘက်က ထိန်း​သိမ်း​ခဲ့​တဲ့​ မြန်မာ့​တပ်မ​တော် အရာရှိနှစ်ဦး​ကို ပြန်လွှတ်ခဲ့​ပေမယ့်​ သူတို့​ဘက်က ဒု-တပ်ကြပ်တဦး​ကို မြန်မာ့​တပ်မ​တော် ဘက်က ဖမ်း​ဆီး​ခဲ့​ပြီး​ ဒဏ်ရာ​တွေရရှိထား​တဲ့​ အ​လောင်း​ကိုပဲ ပြန်​ပေး​တာဟာ စစ်သုံ့​ပန်း​ဥပ​ဒေကို ချိုး​ဖောက်တာပဲလို့​ ​ပြောကြား​ထား​ပါတယ်။

အစိုး​ရဘက်က ဝန်ကြီး​ဟောင်း​တဦး​က ​စေလွှတ်တဲ့​အဖွဲ့​ ​ကေအိုင်​အေနဲ့​ ညှိနှိုင်း​ဖို့​ လွှတ်ထား​ပေမယ့်​ ခိုင်လုံတိကျတဲ့​ အ​ထောက်အထား​တခုမှ မပါတာ​ကြောင့်​ ​ကေအိုင်​အေဘက်က စဉ်း​စား​နေတုန်း​ပဲလို့​ သိရပါတယ်။

ဒီလ ၉ ရက်ကစပြီး​ အစိုး​ရတပ်က ​ကေအိုင်​အေကို လက်နက်ကြီး​တွေနဲ့​ စတင်တိုက်ခိုက်လို့​ ​ကေအိုင်​အေနဲ့​ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထား​ရာက ခုလိုတိုက်ပွဲ​တွေ ပြန်ဖြစ်​နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013