DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် တတိယအကြိမ် ရေကြီး
DVB
·
August 30, 2015
ဖားကန့်တွင် တတိယအကြိမ် ရေကြီး
1 / 6
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မှာ တတိယအကြိမ် ရေကြီးနေပြီး အိမ်ထောင်စုပေါင်း ၁၀၀ ကျော်၊ လူဦးရေ ၃၀၀ ကျော် ရေဘေးဒုက ကြုံတွေ့နေပါတယ်။

ဖားကန့်မှာ သြဂုတ် ၂၉ ရက်ကစလို့ မိုးကြီးတာကြောင့် ရေကြီးခဲ့တာဖြစ်ပြီး ဇူလိုင်၊ သြဂုတ် ၂ လအတွင်း ၃ ကြိမ်မြောက် ရေကြီးနေတာ ဖြစ်ပါတယ်။

အခုလက်ရှိ ရေကြီးမှုကြောင့် ဖားကန့်မြို့ အနိမ့်ပိုင်း ရပ်ကွက်တချို့မှာ လူတရပ်ခန့် ရေမြုပ်နေပြီး ကားလမ်းရေကျော်လို့ သွားလာရေး အခက်ကြုံနေရတဲ့အကြောင်း ဖားကန့်မြို့၊ မရှီကထောင် အုပ်ချုပ်ရေးမှူး ဦးဖိုးဆေးက ပြောပါတယ်။

“ဥရုချောင်းရဲ့အထက် ကန်ဆီးဒေသမှာ မိုးတော်တော်ကြီးတော့ အဲ့ဒီကနေ ဥရုချောင်းအတိုင်း ရေကျခဲ့တာပေါ့။ မနေ့ ၂၉ ရက်ရယ်၊ ဒီနေ့ရယ် မရှီကထောင်အနိမ့်ပိုင်းပေါ့ ဆိတ်မူသွားတဲ့ ကားလမ်းမကြီးပေါ်မှာ ၅ ပေလောက် ရေတက်ထားတဲ့အခါကျတော့ အသွားအလာ ခက်တာပေါ့၊ မြို့ထဲကတော့ ငှက်ပျောတော တခြမ်း၊ မြို့မ တခြမ်း၊ အဲ့ဒါမြုပ်တယ်၊ အနိမ့်ပိုင်းတွေဆို လူတရပ်လောက် ရောက်တယ်။”

ဖားကန့်မှာ အခု မိုးရာသီ ၃ ကြိမ်မြောက် ရေကြီးမှုအတွင်း လူအသေအပျောက် မရှိဘူးလို့လည်း ပြောပါတယ်။

ဖားကန့်ဘက်မှာ ခုချိန်ထိ မိုးမပြတ်သေးဘဲ မိုးဆက်ရွာနေရင် အခုတက်နေတဲ့ရေထက် နောက် ၁ပေလောက်ထိ ဆက်တက်နိုင်တယ်လို့ မြို့ခံတွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။

မြန်မာနိုင်ငံမိုးလေ၀သဌာနရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့မှာ မိုးပိုလာနိုင်သေးတယ်လို့ သိရပါတယ်။






ဖားကန့်မြို့ ကျောက်ဝိုင်းနဲ့ ငှက်ပျောတောရွာ ရေကြီးနေစဉ်

ဓာတ်ပူံ- John Sai Aung Mk






Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013