DVB Logo
Home
Lead Story
ဒုတိယ ကမ္ဘာစစ်က စစ်ကျန်ရှေးဟောင်း ပစ္စည်း ၄၀၀၀ ကျော် (ဓာတ်ပုံ)
DVB
·
August 30, 2015
ဒုတိယ ကမ္ဘာစစ်က စစ်ကျန်ရှေးဟောင်း ပစ္စည်း ၄၀၀၀ ကျော် (ဓာတ်ပုံ)
1 / 6
Donate to DVB

တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့သား ဆောင်ရှန်ဒေါင်ဟာ ရှေးဟောင်းပစ္စည်းစုဆောင်းသူတဦးပါ။

၁၉၃၇ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်ထိ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်မှုမှာ ကြွင်းကျန်ရစ်တဲ့ စစ်ကျန်အမှတ်တရပစ္စည်း ၄၀၀၀ ကျော်ကို သူကစုဆောင်းနိုင်ခဲ့ပါတယ်။

သူဟာ အဲဒီပစ္စည်းတွေကို စုဆောင်းနိုင်ဖို့ စစ်အတွင်းက မျက်မြင်သက်သေတွေနဲ့ တွေ့ဆုံပြီး ဆယ်စုနှစ်တစုလောက် အချိန်ပေးခဲ့ရတယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်း စာမှာ ဖော်ပြပါတယ်။

၁၉၄၂ ခုနှစ်၊ မတ်လကနေ ဇွန်လထိ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ယူနန်-မြန်မာ လမ်းမ ကြီးတလျှောက်ကို သူဟာ အကြိမ် ၃၀ ထက်မနည်း သွားရောက်ခဲ့ပါတယ်။

ဆောင်ဟာ လက်ရှိအချိန်မှာတော့ သူစုဆောင်းခဲ့တာတွေကို တရုတ်နဲ့ အမေရိ ကန်ရှေးဟောင်းပစ္စည်းပြတိုက်တခုကို တည်ထောင်ထားပြီး ပြသထားတာပါ။

ဒီစုဆောင်းမှုဟာ အမုန်းတရား၊ လက်စားချေလိုမှုစတာတွေကို ပုံဖော်ဖို့ ဒုတိယ ကမ္ဘာစစ်ကို ပြန်လည်ပြသလိုတာမဟုတ်ပဲ သမိုင်းရဲ့ကြေးမုံပြင်ကို ပြန်ကြည့်ပြီး အနာဂတ်ဆီ ဘယ်လိုသွားကြမလဲဆိုတာကိုပဲ ရှုမြင်စေချင်တယ်လို့ ဆောင်က ပြောပါတယ်။

“စစ်က လူသားတွေကို မကောင်းတာတွေပေးတယ်။ ငြိမ်းချမ်းမှုကို ဆက်ပြီး ထိန်း သွားဖို့ကအရေးအကြီးဆုံးပါ။”

Photo/Chinanews.com

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013