DVB Logo
Home
နိုင်ငံရေး
အပစ်ရပ်ရန် ကေအိုင်အိုကို ကမ်းလှမ်း
DVB
·
June 17, 2011
အပစ်ရပ်ရန် ကေအိုင်အိုကို ကမ်းလှမ်း
Donate to DVB

စစ်အစိုး​ရလက်ထက် ဆက်သွယ်​ရေး​ဝန်ကြီး​ဟောင်း​ သိန်း​ဇော်က ​စေလွှတ်တဲ့​ အဖွဲ့​တဖွဲ့​ဟာ ​ကေအိုင်အိုဌာနချုပ် လိုင်ဇာကို ​ရောက်ရှိ​နေပြီး​ အစိုး​ရနဲ့​ ​ကေအိုင်အိုအကြား​ အပစ်အခတ်ရပ်စဲ​ရေး​လုပ်ဖို့​ ​ကေအိုင်အို​ခေါင်း​ဆောင်​တွေကို တင်ပြ​ပြောဆို​နေပါတယ်။

မြစ်ကြီး​နား​သား​ ဦး​သိန်း​ဇော်ဟာ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီ မြစ်ကြီး​နား​မြို့​ ပြည်သူ့​လွှတ်တော်ကိုယ်စား​လှယ်ဖြစ်သလို ကချင်ပြည်နယ် ပြည်ခိုင်ဖြိုး​ပါတီရဲ့​ တာဝန်ခံလည်း​ဖြစ်ပါတယ်။

သူ​စေလွှတ်လိုက်သူ​တွေက​တော့​ ကချင်အမျိုး​သား​ အတိုင်ပင်ခံအဖွဲ့​က ဦး​ဆင်ဝါး​ဦး​ဆောင်တဲ့​ ​လေး​ဦး​ပါအဖွဲ့​ဖြစ်ပြီး​ ဘာအ​ထောက်အထား​မှ ပါမလာဘူး​လို့​ ​ကေအိုင်အို တွဲဖက်အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​လနန်း​က​ပြောပါတယ်။

ဦး​သိန်း​ဇော်ဟာ ဒီလ ၁၅ ရက်နဲ့​ ၁၆ ရက်​တွေမှာ မြစ်ကြီး​နား​ကို​ရောက်လာပြီး​ ကချင်ပြည်နယ်ဝန်ကြီး​အဖွဲ့​နဲ့​တွေ့​ဆုံသလို ကချင်အမျိုး​သား​အကြံ​ပေး​အဖွဲ့​နဲ့​လည်း​ ​ဆွေး​နွေး​ပွဲ​တွေလုပ်တာကြား​ရပြီး​ ဒီက​နေ့​မှာ​တော့​ လိုင်ဇာဌာနချုပ်ကို အပစ်ရပ်​ရေး​ လူလွှတ်ကမ်း​လှမ်း​မှုဖြစ်လာတာလို့​ ဦး​လနန်း​က ​ပြောပါတယ်။

ကိုယ်စား​လှယ်အဖွဲ့​ကို မြန်မာအစိုး​ရက​ရော၊​ မြန်မာ့​တပ်မ​တော်ကပါ ​စေလွှတ်တာ မဟုတ်ဘဲ ပြည်ခိုင်ဖြိုး​ပါတီ​ခေါင်း​ဆောင်တဦး​က ​စေလွှတ်တာ ဖြစ်ပါတယ်။

တော်လှန်​ရေး​အဖွဲ့​အစည်း​တခုကို တိုက်ခိုက်ဖို့​ အမိန့်​ပေး​နိုင်တဲ့​ တာဝန်ရှိဆုံး​အဖွဲ့​ဟာ အမျိုး​သား​ကာကွယ်​ရေး​နဲ့​ လုံခြုံ​ရေး​ကောင်စီသာဖြစ်ပါတယ်။

ဦး​သိန်း​ဇော်က ကိုယ်စား​လှယ်အဖွဲ့​က​နေ ​ကေအိုင်အိုထံကို ​လေး​ချက် ​ပြောပါတယ်​။ (၁) အစိုး​ရတပ်နဲ့​ အပစ်ရပ်ဖို့၊ (၂) အစိုး​ရတပ်ဘက်က တဖက်သတ် အပစ်ရပ်ထား​ပြီး​ပြီဆိုတဲ့​အချက်နဲ့​ တပ်လှုပ်ရှား​မှု မလုပ်ဖို့​ထိန်း​ထား​လိုက်ပြီဆိုတဲ့​အချက်​၊ (၃) ​ကေအိုင်အိုက သ​ဘောတူရင် ​နေရာတခုမှာ အပစ်ရပ်လက်မှတ်ထိုး​ဖို့​နဲ့​ (၄) ​ကေအိုင်အိုဘက်က သ​ဘောထား​ကို ​မေး​မြန်း​ချက်​တွေပဲ ဖြစ်ပါတယ်။

ကေအိုင်အိုဘက်က လာ​ရောက်တဲ့​အဖွဲ့​ဟာ (၁) ကိုယ်စား​လှယ်အဖြစ် တာဝန်လွှဲ တဲ့​ စာရွက်စာတမ်း​ အ​ထောက်ထား​ ပါမလာဘူး၊​ ​ (၂) ဦး​သိန်း​ဇော်ဟာ လက်ရှိအစိုး​ရအဖွဲ့​ဝန်ကြီး​မဟုတ်ဘူး၊ (၃) ​ရှေ့​တန်း​စစ်​မြေပြင်မှာ တိုက်ခိုက်ခြင်း​မပြုလုပ်ဖို့​​ ညွှန်ကြား​ချက် အမိန့်​စာ​တွေကို ပြပါဆိုတာကိုလည်း​ မပြသနိုင်ပါဘူး​ လို့​ ပြန်လည်​ပြောဆိုခဲ့​တယ်လို့​ ဆိုပါတယ်။

ကေအိုင်အိုဘက်က အရင်တုန်း​က အစိုး​ရဘက်က ကတိကဝတ် ​ဖောက်ဖျက်မှု​တွေအ​ပေါ် ​ထောက်ပြပြီး​ ယုံကြည်ဖို့ ခက်ခဲ​နေပါတယ်။

ဦး​လနန်း​က “ပါး​စပ်နဲ့​ ​ပြောလိုက်ရုံနဲ့​ ကျ​နော်တို့​ဘက်က ပြန်ပြီး​တော့​ လက်ခံမယ်ဆိုတဲ့​ သူတို့​ ယုံကြည်ချက်များ​ ရှိသလား​တော့​ မသိဘူး​။ ကျ​နော်တို့​လည်း​ ဒီ​ဒေသမှာ တိုက်ပွဲ​တွေ မဖြစ်​စေချင်ပါဘူး​။ ဒါ​ပေမယ့်​ သူတို့​ ​ပြောဆိုလာတဲ့​ အချက်​တွေမှာ ကျ​နော်တို့​ အများ​ကြီး​ သုံး​သပ်တာ​တွေ ​လေ့​လာဆန်း​စစ်တာ​တွေ လုပ်ရပါတယ်။ အရင်တုန်း​က ၉၄ ခုနှစ်တုန်း​ ကလည်း​ ကျ​နော်တို့​ အပစ်ခတ်ရပ်စဲ လုပ်ခဲ့​ကြတယ်။ ဒါ​ပေမယ့်​ အဲဒီ အပစ်ခတ်ရပ်စဲ​ရေး​ကလည်း​ ဘာမှ အရာမထင်ခဲ့​ဘူး​။ ဒါ​ကြောင့်​မို့​ အခုက​တော့​ အဓိက က​တော့​ ပထမအဆင့်​က​တော့​ သူတို့​ ​ပြောဆိုတဲ့​ အစိုး​ရတပ်ဘက်က အပစ်ခတ် ရပ်ဆိုင်း​တယ်ဆိုတဲ့​ သက်​သေအ​ထောက်အထား​ ကျ​နော်တို့​ လိုချင်တယ်။ အဲဒီ သက်​သေ အ​ထောက်အထား​ ခိုင်မာတယ်ဆိုရင် ကျ​နော်တို့​ဘက်ကလည်း​ ပြန်ပြီး​တော့​ စဉ်း​စား​ပါမယ်။ သူတို့​ကလည်း​ ပြန်ပြီး​တော့​ အပစ်ခတ်ရပ်ဆိုင်း​တာမျိုး​ ​ခေတ္တ ခဏ အတိုင်း​အတာ တခုအထိ အပစ်ခတ်ရပ်ဆိုင်း​တာမျိုး​ လုပ်မလား​ မလုပ်ဘူး​လား​ ဆိုတာ ​နောက်တဆင့်​ ​ကေအိုင်အို ဗဟို​ကော်မတီမှာ ဒီအဆင့်​ကို စဉ်း​စား​ရပါမယ်။ ​နောက်ပြီး​တော့​ သူတို့​ ဒီလို ​ပြောဆို​ပေမယ့်​ သူတို့​ရဲ့​ ဒီတပ်အင်းအား​ ထပ်ပြီး​တော့​ တိုး​လာတာ မရှိ​ပေမယ့်​ နဂိုရှိရင်း​စွဲ ​တောထဲမှာ ထည့်​ထား​တဲ့​ တပ်ရင်း​တပ်ဖွဲ့​တွေ အင်းအား​တွေက​တော့​ ပုံမှန်ပါပဲ။ အဆင်သင့်​ လုပ်ထားတဲ့​ ​သ​ဘော မြင်​တွေ့​ရတယ်။”

အခုလ ၉ ရက်​နေ့​က စလို့​ ​ကေအိုင်​အေနဲ့​ အစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေစဖြစ်ပါတယ်၊​ ၁၃ ရက်​နေ့​ထိ တိုက်ပွဲကြီး​ဖြစ်ပြီး​ ​နောက်ပိုင်း​ တိုက်ပွဲငယ်​တွေသာ ဖြစ်ပွား​နေခဲ့​တာပါ၊​ ဒီက​နေ့​မှာ​တော့​ မိုး​ညှင်း​မြို့​နယ်ထဲမှာ ​ကေအိုင်​အေတပ်ဟာ ၂ လက်​အောက်ခံတပ်ရင်း​ (၅) နဲ့​ အစိုး​ရတပ်အကြား​ တိုက်ပွဲဖြစ်ပါတယ်။

တိုက်ပွဲ​တွေ​ကြောင့်​ ​ထောင်​ပေါင်း​များ​စွာ​သော စစ်​ပြေး​ဒုက္ခသည်​တွေဟာ မြစ်ကြီး​နား​ ဝိုင်း​မော်ဘက် စတဲ့​မြို့​တွေနဲ့​  တရုတ်မြန်မာနယ်စပ်ကို ထွက်​ပြေး​တိမ်း​ရှောင်​နေကြပါတယ်။

တရုတ်နိုင်ငံတွင်း​ကို စစ်​ပြေး​ဒုက္ခသည်​ထောင်နဲ့​ချီ ဝင်​ရောက်ပြီး​နောက်မှာ​တော့​ မြန်မာအစိုး​ရအ​ပေါ် ဩဇာရှိတဲ့​ တရုတ်အစိုး​ရက မ​နေ့​က သတင်း​စာရှင်း​လင်း​ပွဲလုပ်ပြီး​ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ ​ဆွေး​နွေး​ဖြေရှင်း​ဖို့​ တိုက်တွန်း​ထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013