DVB Logo
Home
မြန်မာသတင်း
အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူများစာရင်း ထုတ်ပြန်
DVB
·
August 28, 2015
အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူများစာရင်း ထုတ်ပြန်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲဆွယ်စည်းရုံးရေးနဲ့ အောင်နိုင်ရေးကာလအတွင်း ပြောရေးဆိုခွင့် ရှိသူများစာရင်းကို အဖွဲ့ချုပ်က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အဖွဲ့ချုပ်ရဲ့ သြဂုတ် ၂၈ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အရ ရွေးကောက်ပွဲကြေညာစာတမ်း၊ နိုင်ငံရေးမူဝါဒသဘောထားတို့နဲ့ ပတ်သက်ပြီး နာယက ဦးတင်ဦးနဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ပဲ ပြောရေးဆိုခွင့် ရှိတယ်လို့ သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဆက်သွယ်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လမ်းညွှန်ချက်တွေနဲ့ ပတ်သက်ရင် ပြောရေးဆိုခွင့်ရှိသူက ဦးဉာဏ်ဝင်း၊ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ်တွေနဲ့ ပတ်သက်ရင် ဦးဝင်းထိန်၊ အဖွဲ့ချုပ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတို့နဲ့ ပတ်သက်ရင် ဦးဝင်းမြင့်၊ ရွေးကောက်ပွဲသတင်းတွေ ဖြန့်ချိရေးနဲ့ပတ်သက်ရင် ဦးသိန်းဦး စသူတို့ကသာ ပြောရေးဆိုခွင့်ရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ဒီကြေညာချက်နဲ့ ပတ်သက်လို့  အလုပ်တွေ များလာတဲ့အတွက် တာဝန်ခွဲဝေဖြန့်လိုက်တာလို့ ပြောပါတယ်။

“အဓိကကတော့ အလုပ်တွေ များလာပြီးရင် တယောက်နှစ်ယောက်ထဲဆို အလုပ်တွေ မနိုင်မှာစိုးလို့ အခု နီးလာလေ အလုပ်တွေများလေ ဖြစ်နေတယ်၊ အဲ့ဒါကြောင့် နည်းနည်းလေး အလုပ်တာဝန်ခွဲဝေပေးတာ လုပ်တာပေါ့ဗျာ၊ နည်းနည်း ဖြန့်လိုက်တာပါ။”

လတ်တလောမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း စိစစ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေချိန်ဖြစ်လို့ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေ မီဒီယာမှာ မပြောဖို့ တားမြစ်ထားပြီး စိစစ်ရေးကာလ လွန်ရင်တော့ ကိုယ်စားလှယ်လောင်းတွေ မီဒီယာနဲ့ ပြောလို့ ရတယ်လို့လည်း သူက ပြောပါတယ်။

အဖွဲ့ချုပ်ဟာ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၁၃၈ နေရာ ၀င်ပြိုင်ဖို့ စာရင်းတင်သွင်းထားပြီး ၀င်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားသူတွေကို သတိကြီးကြီးထား ကိုင်တွယ်လုပ်ဆောင်နေတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013