DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲဝင်ပါတီများ ကလေးများအရေး ဦးစားပေး ဆောင်ရွက်စေလို
DVB
·
August 28, 2015
ရွေးကောက်ပွဲဝင်ပါတီများ ကလေးများအရေး ဦးစားပေး ဆောင်ရွက်စေလို
1 / 6
Donate to DVB

ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေကြတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ဆန္ဒမဲပေးခွင့်မရတဲ့ ကလေးသူငယ်တွေအရေး ဦးစားပေးဆောင်ရွက်ဖို့ ကျောင်းသားကလေးငယ်တွေက တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ပတ်ခ်ရွိုင်ရယ်ဟိုတယ်မှာ အခြေခံပညာကျောင်းတွေက အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်းရှိ ကလေးငယ်တွေဟာ နိုင်ငံရေးပါတီ ၈၀ လောက်က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ကလေးတွေရဲ့ မျှော်လင့်ချက်၊ လိုလားချက်တွေကို ဆွေးနွေးတောင်းဆိုလိုက်တာပါ။

ဒီတွေ့ဆုံပွဲကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ ကလေးအခွင့်အရေး အန်ဂျီအိုလုပ်ငန်းအဖွဲ့ (NCRWG) တို့က ရွေးကောက်ပွဲကော်မရှင်နဲ့အတူ ပူးပေါင်း လုပ်ဆောင်တာ ဖြစ်ပါတယ်။

Save The Children အဖွဲ့ရဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ စီမံအုပ်ချူပ်မှု ဌာနမှူး ဒေါ်နီနီလှက “ဒီတွေ့ဆုံပွဲက ကလေးတွေအနေနဲ့ သူတို့တင်ပြချင်တဲ့ အကြောင်းအရာတွေကို နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေကို တိုက်ရိုက်တင်ပြနိုင်မှာ ဖြစ်ပြီး နိုင်ငံရေးပါတီရဲ့ မူဝါဒပိုင်းတွေ အကောင်အထည်ဖော် ပြင်ဆင်ရာမှာလည်း ကလေးတွေအရေးကိုပါ ထည့်သွင်းစဉ်းစားဖို့ရာ တင်ပြဆွေးနွေးကြမှာပါ” လို့ ဒီတွေ့ဆုံပွဲနဲ့ပတ်သက်တဲ့  UNICEF ရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဆွေးနွေးပွဲ တက်ရောက်လာတဲ့ ကျောင်းသားတွေက ကလေးအလုပ်သမားကိစ္စ၊ ပညာရေးကိစ္စနဲ့ ကလေးအခွင့်အရေး ကာကွယ်တဲ့ ဥပဒေတွေ တိတိကျကျ ပြဋ္ဌာန်းဆောင်ရွက်ပေးဖို့ နိုင်ငံရေးပါတီတွေကို တိုက်တွန်းခဲ့တယ်လို့   မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

“ကလေးသူငယ်တွေနဲ့ပတ်သက်ပြီး ဘာတွေကို အလေးပေးဆောင်ရွက်ရမယ်၊ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေဟာ ဘယ်လိုဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိလာအောင်လုပ်တဲ့ အစည်းအဝေးဖြစ်လို့ တော်တော်လေး အကျိုးရှိပါတယ်။ ပညာရေးနဲ့ပတ်သက်လို့တော့ ကလေးသူငယ်တွေရဲ့ ပညာရေးအခွင့်အရေးတွေ ဆုံးရှုံးမှုတွေ၊  တောကြိုတောင်ကြား လမ်းပန်းဆက်သွယ်ရေး မကောင်းလို့ ပညာတပိုင်းတစနဲ့ ပညာမသင်ရဘဲနဲ့ ခံစားနေရတဲ့ ကလေးသူငယ်တွေ အများကြီး ရှိတယ်ပေါ့နော်။ အဲဒီဟာတွေအတွက် အဓိကက တိုင်းပြည်ရဲ့ ပညာရေးဘတ်ဂျက်ကို ပိုပြီးတော့ မြှင့်တင်ရမယ်ဆိုတာ သူတို့ပြောတယ်၊ ကလေးသူငယ်တွေရဲ့ အခွင့်အရေး ဆုံးရှုံးမှုတွေကို ပွင့်ပွင့်လင်းလင်း ကွက်ကွက်ကွင်းကွင်းသိအောင် သူတို့ပြောသွားနိုင်တယ်။”

မြန်မာနိုင်ငံရှိ လူဦးရေ စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံဟာ ကလေးသူငယ်တွေဖြစ်တာကြောင့်   ကလေးတွေအတွက် ရင်းနှီးမြှုပ်နှံတာနဲ့ ကလေးသူငယ်အရေး ဦးစားပေးတာဟာ  နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကကျတယ်လို့လည်း UNICEF ကဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်မှ ၁၈ နှစ်အတွင်း ကလေးအရေအတွက် ၄ ဒသမ ၄ သန်း ကျောင်းတက်ခွင့်မရကြဘဲ ကလေး ၁၀ သန်းဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေကြရပြီး အာဆီယံ နိုင်ငံတွေထဲမှာ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ် အနည်းဆုံး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်းဓာတ်ပုံ - အောင်သူ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013