DVB Logo
Home
မြန်မာသတင်း
အာရှလမ်းသစ် ဖွင့်ရန် လုံခြုံရေးအတွက် ကားသွားလာခွင့် ယာယီပိတ် (ရုပ်သံ)
DVB
·
August 28, 2015
အာရှလမ်းသစ် ဖွင့်ရန် လုံခြုံရေးအတွက် ကားသွားလာခွင့် ယာယီပိတ် (ရုပ်သံ)
Donate to DVB

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် ဖွင့်ခါနီး ပြုပြင်ရေးနဲ့ လုံခြုံရေး လုပ်ဆောင်ဖို့ ကားတွေ သွားလာ အသုံးပြုတာကို ယာယီပိတ်လိုက်ပါတယ်။

လာမယ့် သြဂုတ် ၃၀ ရက်နေ့မှာ မြ၀တီ-ကော့ကရိတ် အာရှလမ်းသစ် ဖွင့်လှစ်ပွဲကို ထိုင်း-မြန်မာ ၂ နိုင်ငံ အကြီးအကဲတွေ တက်ရောက်မှာ ဖြစ်တဲ့အတွက် လမ်းလုံခြုံရေး လုပ်ဆောင်ဖို့နဲ့ ပြုပြင်မှု အနည်းငယ် လုပ်ဆောင်ဖို့ ရှိတဲ့အတွက် ကားတွေ သွားလာ အသုံးပြုတာကို ယာယီပိတ်လိုက်တာပါ။

၂၈ မိုင်ရှည်လျားတဲ့ မြ၀တီ-ကော့ကရိတ် အာရှလမ်းမသစ်ဖွင့်ပွဲကို သြဂုတ် ၃၀ ရက် မြန်မာစံတော်ချိန် ၈ နာရီခွဲမှာ တရားဝင် စတင်ဖွင့်လှစ်မှာဖြစ်ပြီး နယ်စပ်ဖြတ်ကျော်တံတား အမှတ် ၂ အုတ်မြစ်ချ  ပန္နက်ရိုက်ပွဲကိုတော့ မြန်မာစံတော်ချိန် ၁၀ နာရီခွဲမှာ ပြုလုပ်ပါမယ်။

မြ၀တီ-ကော့ကရိတ် အာရှလမ်းမသစ်ကို အာရှအဆင့်မီ အဝေးပြေးလမ်းအဖြစ် ၂၀၁၁ ခုနှစ်က စတင်ပြီး ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီတခုက ဆောက်လုပ်ပေးခဲ့တာပါ။

အဲဒီလမ်းမသစ်ဟာ အသစ်ဆောက်လုပ်မယ့် နယ်စပ်ဖြတ်ကျော်တံတားနဲ့လည်း တဆက်တည်း ဖြစ်သွားပြီး အဲဒီလမ်းကနေတဆင့် ထိုင်းနိုင်ငံကို ဖြတ်ကာ  ကမ္ဘောဒီးယားနိုင်ငံထိ ဆက်သွယ်ထားပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေ လွယ်ကူလျှင်မြန်စွာ ဆက်သွယ်နိုင်ပြီး အာဆီယံ စီးပွားရေးဇုန် တည်ဆောက်ရေးအတွက် အထောက်အကူပြုဖို့ ရည်ရွယ်ဖောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013