DVB Logo
Home
မြန်မာသတင်း
ရေဘေး ကြောင့် ကျွဲနွားတိရစ္ဆာန် အကောင်ရေ ၂ သောင်းခန့် ဆုံးရှုံး
DVB
·
August 27, 2015
ရေဘေး ကြောင့် ကျွဲနွားတိရစ္ဆာန် အကောင်ရေ ၂ သောင်းခန့် ဆုံးရှုံး
Donate to DVB

မြန်မာနိုင်ငံတ၀န်း ရေကြီးမှုတွေအတွင်း ကျွဲ၊ နွား၊ မြင်း၊ သိုးဆိတ်နဲ့ဝက် အကောင်ရေ ၂ သောင်းနီးပါးနဲ့  ကြက်ဘဲ ၂ သိန်းကျော်အပါအ၀င် စုစုပေါင်း ပျက်ဆီးဆုံးရှုံးမှု ခန့်မှန်းချေ ငွေကျပ်  ၅၄၁၆ သန်းကျော်ရှိတယ်လို့  အစိုးရက တရားဝင်ပြောကြားလိုက်ပါတယ်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာခင်ဇော်က သဘာဝဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သြဂုတ် ၂၆ ရက်က နေပြည်တော်မှာ  မီဒီယာတွေကို တွေ့ဆုံရှင်းလင်းရာမှာ ပြောသွားတာပါ။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရဲ့ သြဂုတ် ၂၅ ရက်အထိ စာရင်းအရ နွား ၅၇၀၁ ကောင်၊ နွားနောက် ၁၃၄ ကောင်၊ ကျွဲ ၃၀၀၅ ကောင်၊ သိုးဆိတ် ၄၃၄၁ ကောင်၊ ဝက် ၆၆၈၄ ကောင်၊ ကြက် ၂၁၈၇၀၆ ကောင်၊ ဘဲ ၃၉၈၃ ကောင်၊ မြင်း ၂၉ ကောင်၊ မွေးမြူရေးခြံ ၃၂၅ ခြံ၊ တိရစ္ဆာန် အစာ ၂၂၄၈၈ ပိဿာ၊  ၊ ပျားအုံ ၅၆၆ အုံ ပျက်စီးဆုံးရှုံးခဲ့ပြီး ခန့်မှန်းတန်ဖိုး စုစုပေါင်း ကျပ် ၅၄၁၆.၂၈၈ သန်း ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ရေဘေးကြောင့် တိုင်းနဲ့ ပြည်နယ် ၁၀ခု ရှိ မြို့နယ် ၄၅ ခုမှာ ကျေးလက်လမ်း ၆၀၄ မိုင်ကျော်နဲ့၊ တံတား ၈၂၄ စင်း ပျက်စီးဆုံးရှုံးခဲ့ပြီး ပြန်လည်ပြုပြင်မွမ်းမံဖို့ ခန့်မှန်းကုန်ကျငွေ ၂၂၀၆၂.၃၁၁ သန်း ကုန်ကျမယ်လို့ ဆိုပါတယ်။

ဒါ့ပြင်  ရေပေးရေး၊ ကျန်းမာရေး၊ မီးလင်းရေးနဲ့ အိမ်ယာလုပ်ငန်းတွေ ပြန်လည်ပြုပြင် မွမ်းမံဖို့ စုစုပေါင်း ၂၈၁၈၂.၄၂၄ သန်း ကုန်ကျမှာဖြစ်ပြီး ဒီလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးအတွက် သမ္မတရဲ့ သီးသန့်ရန်ပုံငွေတောင်းခံထားတယ်လို့ အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

မြန်မာတနိုင်ငံလုံး ရေကြီးနစ်မြုပ်မှုဖြစ်စဉ် ဆုံးရှုံးမှုအားလုံး တန်ဖိုးဟာ  ၁၆၅ ဘီလီယံလောက် ရှိမယ်လို့ သမ္မတဦးသိန်းစိန်က သြဂုတ် ၂၄ ရက် ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ခန့်မှန်းပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013