DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တရားမ၀င်ဆင်စွယ် အလေးချိန် ၂ တန်ကျော် မီးရှို့
DVB
·
August 27, 2015
ထိုင်းတွင် တရားမ၀င်ဆင်စွယ် အလေးချိန် ၂ တန်ကျော် မီးရှို့
Donate to DVB

ထိုင်းနိုင်ငံတွင်း တရားမ၀င်ဆင်စွယ်များ မှောင်ခိုကုန်ကူးမှုနှိမ်နင်းတဲ့အနေနဲ့  ဆင်စွယ် အလေးချိန်ပေါင်း ၂ တန်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့  ဒေးလီးနယူးစ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဆင်ဆိုတာ ထိုင်းနိုင်ငံရဲ့ အမျိုးသားသင်္ကေတတခု ဖြစ်တဲ့အပြင် ထိုင်းနိုင်ငံဟာ ကမ္ဘာ့ဆင်စွယ်မှောင်ခို ကုန်ကူးမှုအများဆုံးနိုင်ငံ ၈ နိုင်ငံမှာ တခုအပါအ၀င် ဖြစ်တယ်လို့ သတ်မှတ်ခံထားရအတွက် ဆင်တွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးရမှာ ဖြစ်သလို ကိုယ်ကျိုးစီးပွားအတွက် ဆင်တွေသတ်ပြီး အစွယ်ထုတ်နေတာကို ထိထိရောက်ရောက် နှိမ်နင်းရမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာက ဆင်စွယ်ဖျက်ဆီးခြင်း အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီဆင်စွယ်တွေဟာ အများအားဖြင့် အာဖရိကတိုက်က မျိုးတုန်းလုနီးပါး ဆင်တွေရဲ့ အစွယ်တွေ ဖြစ်ပြီး မှောင်ခိုသမားတွေက ထိုင်းနိုင်ငံကို ကြားခံနယ်မြေအဖြစ် အသုံးပြု သယ်ဆောင်လာတာ ဖြစ်ကြောင်း၊ ကျူးလွန်သူတရားခံတွေကို ပြစ်ဒဏ်အသီးသီး ချမှတ်ပြီး မှုခင်းကိစ္စပြီးဆုံးပြီဖြစ်တဲ့အတွက် အခုလို မီးရှို့ဖျက်ဆီးလိုက်တာလို့ ၀န်ကြီးချုပ်က ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိဆင်စွယ်မီးရှို့ဖျက်ဆီးမှုမှာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူတို့နိုင်ငံအနေနဲ့ သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဥပဒေ၊ တရိစ္ဆာန်များ ညှဉ်းဆဲသတ်ဖြတ်မှုဥပဒေကို ကြတ်ကြတ်မတ်မတ် ကိုင်တွယ်တာကို ပြသလိုက်ခြင်း ဖြစ်ကြောင်း၊ ဒါ့အပြင် မိကျောင်းသားရေ၊ မြွေရေခွံနဲ့ ရှားပါးသစ်ခွ မှောင်ခိုရောင်းဝယ်မှုတွေလည်း ထိထိရောက်ရောက်နှိမ်နင်းသွားမယ်လို့ ဆိုပါတယ်။

သြဂုတ် ၂၆ ရက်နေ့ မနက်က သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန လက်အောက်ခံ ထိုင်းအမျိးသားသဘာဝဥယျာဉ်မှာ ကျင်းပသွားတဲ့ ဆင်စွယ်မီးရှို့ဖျက်ဆီးမှုမှာ ဆင်စွယ် အလေးချိန် စုစုပေါင်း ၂ ဒဿမ ၁  တန်ကို ဖျက်ဆီးခဲ့ပြီး အစွယ်ထုတ်ခံရပြီး သေဆုံးသွားတဲ့ ဆင်အကောင်ပေါင်း ၂၀၀ ကျော်အတွက် ရည်စူးပြီး အလှူအတန်းပြုပေးခဲ့ပါတယ်။

အဲဒီအခမ်းအနားကို ထိုင်းနိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန်များ၊ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၊ သားရဲတိရိစ္ဆာန်များစောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိသူတွေပါ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013