DVB Logo
Home
မြန်မာသတင်း
ဗလင်စီယာ ချန်ပီယံလိဂ် ကစားခွင့်ရ (ရုပ်သံ)
DVB
·
August 26, 2015
ဗလင်စီယာ ချန်ပီယံလိဂ် ကစားခွင့်ရ (ရုပ်သံ)
Donate to DVB

ချန်ပီယံလိဂ် ခြေစစ်ပွဲအဖြစ် ပြင်သစ် မိုနာကိုနဲ့ စပိန် ဗလင်စီယာအသင်းတို့ ယှဉ်ပြိုင်ကစားရမှာတော့ မိုနာကိုက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ၂ ပွဲပေါင်းရလဒ်နဲ့ ဗလင်စီယာအသင်းက ခြေစစ်ပွဲအောင်သွားပါတယ်။

ပထမအကျော့မှာတော့ ဗလင်စီယာအသင်းက မိုနာကိုအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတဲ့အတွက် ၂ ပွဲပေါင်းရလဒ် ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး တက်ရောက်သွားတာ ဖြစ်ပါတယ်။

ဗလင်စီယာအသင်းက ပထမပိုင်း ၄ မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် မိုနာကိုက ၁၇ မိနစ်မှာ ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ ဒီနောက် ဒုတိယပိုင်း ၇၅ မိနစ်မှာ မိုနာကို အသင်းက အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ဒါပေမယ့်လည်း ပထမအကျော့ရလဒ်ကြောင့် မိုနာကိုအသင်း ချန်ပီယံလိဂ်မှာ ကစားနိုင်ဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။

ဗလင်စီယာအသင်းက ချန်ပီယံလိဂ်မှာ ၀င်ရောက်ကစားခွင့်ရတဲ့အတွက် စပိန်ကလပ်အသင်း ၅ သင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်မှာ ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013