DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် ဆုံးရှုံးမှု တန်ဖိုးကျပ် ၁၆၅ ဘီလီယံခန့်ရှိဟု သမ္မတပြောကြား
DVB
·
August 25, 2015
ရေကြီးမှုကြောင့် ဆုံးရှုံးမှု တန်ဖိုးကျပ် ၁၆၅ ဘီလီယံခန့်ရှိဟု သမ္မတပြောကြား
Donate to DVB

မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်း အနှံ့အပြားမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုဖြစ်စဉ် တခုလုံး ဆုံးရှုံးမှု အားလုံးတန်ဖိုးဟာ ကျပ် ၁၆၅ ဘီလီယံလောက်ရှိမယ် ခန့်မှန်းတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

သြဂုတ်လ ၂၄ ရက်ကနေပြည်တော်သမ္မတ အိမ်တော် အစည်းအဝေးခမ်းမမှာ ကျင်းပတဲ့  ရေဘေးသင့်ဒေသတွေ ပြန်လည် ထူထောင်ရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ သမ္မတက ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်း မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် အိမ်ထောင်စု ၄ သိန်း၊ လူဦးရေ ၁၆သိန်းကျော် ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရကြောင်း လူနေအိမ်ပေါင်း ၁ သောင်း ၇ ထောင်ကျော်ပျက်စီးပြီး စာသင်ကျောင်း ၅၂၈ ကျောင်း၊ ဘုန်းကြီးကျောင်းတွေ အပါအဝင် အဆောက်အအုံပေါင်း ၅ထောင်လောက်ပျက်စီးခဲ့ကြောင်းနဲ့ လယ်မြေဧက ၁၄ သိန်း ကျော် ရေနစ်မြုပ်ကာ ၇ သိန်းခန့် ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

သဘာဝဘေးအန္တရာယ်ဟာ တားဆီးမရနိုင်ပေမယ့် ကြိုတင်ပြင်ဆင်မှုနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ  လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ခဲ့လို့ ပျက်စီးဆုံးရှုံးမှုနည်းပါးခဲ့တယ်လို့လည်း သမ္မတက ပြောပါတယ်။

နိုင်ငံတကာ အကူအညီတွေ၊  ကရုဏာရှင်ပြည်သူတွေရဲ့ ဝိုင်းဝန်းကူညီထောက်ပံ့မှုနဲ့ အစိုးရရဲ့ စီမံခန့်ခွဲမှုကြောင့် ရေဘေးကြုံတွေ့ရတဲ့ အခက်အခဲတွေ အခိုက်အတန့် ပြေလည်မှုရှိနေပေမယ့်  ရှေ့ဆက်ရပ်တည်နိုင်ရန် ဆောင်ရွက်ရမယ့် လုပ်ငန်း များစွာ ရှိကြောင်း၊  ဒုတိယအဆင့်အနေနဲ့  မူလအနေအထားထက်သာလွန်အောင် ဆောင်ရွက်ပေးဖို့ ပြည်နယ်တိုင်း အစိုးရအဖွဲ့တွေ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားကြဖို့ သမ္မတက တိုက်တွန်းပြောကြားသွားပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကတော့ သြဂုတ်လ ၂၄ ရက်အထိ  ရေဘေးကြောင့် နိုင်ငံတ၀န်း သေဆုံးသူ အရေအတွက် ၁၂၁ ဦးထိ ရှိနေပြီလို့ ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013