DVB Logo
Home
မြန်မာသတင်း
ကာကွယ်ရေး နှင့် နယ်စပ်ရေးရာဝန်ကြီးများ အစားထိုးခန့်အပ်
DVB
·
August 25, 2015
ကာကွယ်ရေး နှင့် နယ်စပ်ရေးရာဝန်ကြီးများ အစားထိုးခန့်အပ်
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရာထူးက နုတ်ထွက်သွားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေရာတွေကို  နိုင်ငံတော် သမ္မတက အစားထိုး ခန့်အပ်လိုက်ပါတယ်။

ကာကွယ်ရေး ပြည်ထောင်စုဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အရာရှိ ဒု- ဗိုလ်ချုပ်ကြီး စိန်ဝင်းကို ခန့်အပ်လိုက်ပြီး နယ်စပ်ရေးရာ  ပြည်ထောင်စုဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒု-ဗိုလ်ချုပ်ကြီး ကျော်ဆွေကို ခန့်အပ်တာဝန်ပေးကြောင်း သြဂုတ်လ ၂၄ ရက် နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်က ထုတ်ပြန်ထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဒု-ဗိုလ်ချုပ်ကြီးဝေလွင်ကတော့ ပြည်သူ့လွှတ်တော် နေပြည်တော် ပုဗ္ဗသီရိမဲဆန္ဒနယ်မှာရွေးကောက်ပွဲဝင်ဖို့ ဦးဝေလွင်အဖြစ် ကိုယ်စားလှယ်လောင်း အမည်စာရင်းသွင်းထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း  ဦးရည်မွန် (ခ) မောင်တင်သစ်နဲ့ ယှဉ်ပြိုင်ရမှာပါ။

အလားတူ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ၈ ဦးကိုလည်း စစ်ဘက်မူလတာဝန်တွေ ပြန်ထမ်းဆောင်ဖို့နဲ့ သူတို့နေရာတွေမှာ ၀န်ကြီးအသစ်တွေ သမ္မတက ခန့်အပ်တာဝန်ပေးထားပါတယ်။

အသစ်ခန့်အပ်လိုက်တဲ့  လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးတွေကတော့ ကချင်ပြည်နယ်အတွက် ဗိုလ်မှူးကြီး သူရမျိုးတင်၊ ချင်းပြည်နယ်အတွက် ဗိုလ်မှူးကြီး  ကျော်ကျော်၊ စစ်ကိုင်းတိုင်းအတွက် ဗိုလ်မှူးကြီး ကျော်သန့်နိုင်၊ ပဲခူးတိုင်းအတွက် ဗိုလ်မှူးကြီး ခင်မောင်ဌေး၊ မန္တလေးတိုင်းအတွက် ဗိုလ်မှူးကြီး မျိုးမင်းအောင်၊ မွန်ပြည်နယ်အတွက် ဗိုလ်မှူးကြီး  ၀င်းနိုင်ဦး၊ ရန်ကုန်တိုင်းအတွက် ဗိုလ်မှူးကြီး တင်အောင်ထွန်းနဲ့ ရှမ်းပြည်နယ်အတွက် ဗိုလ်မှူးကြီး  စိုးမိုးအောင်တို့ ဖြစ်ပါတယ်။

အလားတူ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မြင့်အောင်သန်းကိုလည်း စစ်ဘက် မူလတာဝန် ပြန်ထမ်းဆောင်စေပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးကြီး မင်းနောင်ကို နေပြည်တော် ကောင်စီဝင်အဖြစ် အစားထိုး ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေနေရာ အစားထိုး ခန့်အပ်ဖို့ကိစ္စကိုတော့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်မှာ အဆိုပြု တင်ပြခဲ့ပြီး လွှတ်တော်ကလည်း အတည်ပြု သဘောတူထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013