DVB Logo
Home
မြန်မာသတင်း
တောဆင်ရိုင်း ရန်ပြုမှုကြောင့် ညောင်ဦးဒေသခံ ၁ ဦးသေဆုံး (ရုပ်သံ)
DVB
·
August 25, 2015
တောဆင်ရိုင်း ရန်ပြုမှုကြောင့် ညောင်ဦးဒေသခံ ၁ ဦးသေဆုံး (ရုပ်သံ)
Donate to DVB

ညောင်ဦးမြို့နယ်ထဲမှာ တောဆင်ရိုင်းတွေက ရန်ပြုတာကြောင့် လူငယ်တဦး မနေ့က သေဆုံးသွားတယ်လို့ သိရပါတယ်။

ငါသရောက်မြို့နယ်ထဲက ဆင်လူးအိုင်ကွင်းအနီးမှာ အသက် ၃၀ ကျော်အရွယ် မောင်ဖိုးပိုင်က ဆင်တွေကို အနီးကပ် ဓာတ်ပုံရိုက်ဖို့ ကြိုးစားစဉ် နှာမောင်းနဲ့ ကိုင်ရိုက်ခံရတာကြောင့် ခြေထောက် ၂ ဖက်ကျိုး၊ လက် ၂ ဖက်ကျိုး ၀မ်းဗိုက်ပေါက် ဒဏ်ရာ ရရှိခဲ့ပြီး၊ တောင်ဇင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပေမယ့် နေ့လည်ပိုင်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

လမ်းပျောက်နေတဲ့ တောဆင်ရိုင်း ၆ ကောင်ဟာ သြဂုတ် ၂၂ ရက်ညပိုင်းမှာ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပြားရွာနားကို ရောက်ရှိလာကြပြီး သြဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာတော့ ပုပ္ပါးဘက်ကို ထွက်ခွာသွာကြတယ်လို့ လက်ပံပြား ရဲစခန်းမှူးက ဒီဗွီဘီကို ပြောဆိုခဲ့ပါတယ်။

ရိုက်ကူး - အာကာမင်း၊ သက်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013