DVB Logo
Home
Lead Story
ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် မွေးနေ့ သာယာဝတီတရားရုံးတွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
August 25, 2015
ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် မွေးနေ့ သာယာဝတီတရားရုံးတွင် ကျင်းပ (ဓာတ်ပုံ)
1 / 7
Donate to DVB

ဒီနေ့ သြဂုတ် ၂၅ ရက်နေမှာ ကျရောက်တဲ့ ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ရဲ့ ၂၇ နှစ်ပြည့်မွေးနေ့ကို ဒီနေ့ သာယာဝတီ တရားရုံးအထုတ်မှာ ကျင်းပပြုလုပ်သွားပါတယ်။ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တယောက်ဖြစ်သလို သပိတ်မှောက်ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီဝင် တဦးလည်းဖြစ်တဲ့ မဖြိုးဖြိုးအောင်ဟာ အခုနှစ်ရဲ့ ပြည်သူ့ဂုဏ်ရည်ဆုရှင် တယောက်လည်း ဖြစ်ပါတယ်။

ဒီမိုကရေစီ ပညာရေး ပြုပြင်ပြောင်းလဲမှုကို တောင်းဆိုခဲ့တဲ့ ပင်မသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့မှာ အကြမ်းဖက် ဖြိုခွဲခံခဲ့ရပြီး အခုလက်ရှိ သာယာဝတီအကျူဉ်းထောင်မှာ ဖမ်းဆီးထိန်သိမ်းခံထားရပါတယ်။

လက်ရှိ ၅ ခုထက်မနည်းတဲ့ အမှုတွေနဲ့ တရားစွဲဆိုထားပြီး ဒီနေ့မှာတော့ သာယာဝတီခရိုင် တရားရုံးမှာ ၁၈ ကြိမ်မြောက် ရုံးထုတ်ရာမှာ မဖြိုးဖြိုးအောင်ရဲ့ ၂၇ နှစ်ပြည့်မွေးနေ့ကို သူ့မိတ်ဆွေတွေက ကျင်းပပြုလုပ်ပေးတာ ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - ကောင်းထက်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013