
အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ရဲ့ တပွဲပယ်ပြစ်ဒဏ်ကို ဖီဖာက ပြန်ရုပ်သိမ်းပေးလိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကို ကိုယ်တိုင် ဖုန်းခေါ်ဆို တောင်းဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။
ဘာလိုဂွန်ဟာ ဘယ်လ်ဂျီယံနဲ့ ကစားမဲ့ ၁၆ သင်းအဆင့်ပွဲမှာ ပါဝင်ခွင့် ရရှိသွားပြီး ဒီလိုဆုံးဖြတ်ချက်ကြောင့် ဘောလုံးလောကမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။
ထရမ့်ပ်ကတော့ ဖီဖာရဲ့ ဆုံးဖြတ်ချက်ကို “ကြီးမားတဲ့ မတရားမှုကို ပြန်ပြင်ပေးတာ”လို့ ချီးကျူးခဲ့ပါတယ်။
ဒါပေမဲ့ ဘယ်လ်ဂျီယံအသင်းကတော့ ဒီဆုံးဖြတ်ချက်အပေါ် အံ့အားသင့်နေပြီး ဥပဒေကြောင်းအရ အရေးယူဖို့ စဉ်းစားနေပါတယ်။
နည်းပြ ရူဒီဂါစီယာကလည်း “ကမ္ဘာ့ဖလားမှာ ဇူလိုင် ၅ ရက်နေ့က ဧပြီ ၁ ရက်နေ့ ဖြစ်သွားတာလား” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ဖီဖာကတော့ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပုဒ်မ ၂၇ အရ ဆုံးဖြတ်တာလို့ ဆိုပါတယ်။










