DVB Logo
Home
မြန်မာသတင်း
မဲမသမာမှုများကို ၈၈ ငြိမ်းပွင့်နှင့် အန်အယ်လ်ဒီ ပူးပေါင်းဖော်ထုတ်မည်
DVB
·
August 24, 2015
မဲမသမာမှုများကို  ၈၈ ငြိမ်းပွင့်နှင့် အန်အယ်လ်ဒီ ပူးပေါင်းဖော်ထုတ်မည်
Donate to DVB

လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်ရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းတို့က ဒီကနေ့ ပူးတွဲကြေညာလိုက်ပါတယ်။

လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ နိုင်ငံရဲ့အရေးကြီးတဲ့ အချိုးအကွေ့ဖြစ်တာကြောင့် မဲစာရင်းမှန်ကန်ရေး လုပ်ဆောင်သွားမှာဖြစ်သလို မဲမသမာမှု ကင်းစင်ရေးအတွက်လည်း စောင့်ကြည့်လေ့လာ ထုတ်ဖော်သွားမယ်လို့ ဖော်ပြထားပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကတော့ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုတွေရဲ့ အောင်နိုင်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ ဦးဂျင်မီက ပြောပါတယ်။

“ကျနော်တို့က ရွေးကောက်ပွဲအောင်နိုင်ရေးကို ဆုံးဖြတ်ထားပြီးသား ၈၈ မျိုးဆက်အနေနဲ့က။ ရွေးကောက်ပွဲအောင်နိုင်ရေးက ဒီမိုကရေစီအင်အားစုတွေ အောင်နိုင်ရေးကို ကျနော်တို့က မူလကတည်းကကို ဆုံးဖြတ်ထားပြီးသား။ ဒီမိုကရေစီအောင်နိုင်ရေးလို့ ပြောလိုက်တာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နံပါတ် ၁ ထိပ်ဆုံးနေရာမှာ ပါလာတာပဲ။ ဒီလိုပဲ တိုင်းရင်းသားတွေကလည်း သူ့နယ်မြေမှာ ကျနော်တို့ရဲ့ မဟာမိတ်တိုင်းရင်းသားတွေ အများကြီးရှိပါတယ်။ အဲတော့ အဲဒီအောင်နိုင်ရေးအတွက်ကိုပါ ကျနော်တို့က ရည်ရွယ်ပြီး ပြော တာပါ။ ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကလည်း “ကျနော်တို့ အရင်ကလည်း အတွေ့အကြုံရှိပါတယ်ဗျာ။ ကျနော်တို့ ၄၃၆ ကိစ္စကလည်း အဲသလိုပဲ ပူးပေါင်းဆောင်ရွက်တာပဲ။ လိုအပ်တဲ့နေရာတွေမှာ လိုအပ်တဲ့ အချိန်မှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အောင်မြင်မှုတွေအများကြီးရပါတယ်။ ၄၃၆ တုန်းကလည်း အောင်မြင်မှုရပါတယ်။ အဲတော့ ကျနော်တို့ ဒီသဘောအတိုင်းပဲ ဆက်လက်ဆောင်ရွက်ဖို့ လုပ်ကြတာပါ” လို့ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ အနာဂတ်တိုင်းပြည် တည်ငြိမ်အေးချမ်းစွာ ပြုပြင်ပြောင်းလဲရေးအတွက် တိုင်းရင်းသားတွေ ပြည်သူလူထုတွေနဲ့ ပူးပေါင်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013