DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးမဲဆန္ဒရှင် စာရင်းကြေညာမည့်ရက် စက်တင်ဘာလကိုရွှေ့ဆိုင်း
DVB
·
August 24, 2015
တနိုင်ငံလုံးမဲဆန္ဒရှင် စာရင်းကြေညာမည့်ရက် စက်တင်ဘာလကိုရွှေ့ဆိုင်း
Donate to DVB

သြဂုတ်လကုန်ပိုင်း ထုတ်ပြန်ဖို့ စီစဉ်ထားတဲ့ တနိုင်ငံလုံးမဲဆန္ဒရှင် စာရင်းတွေကို ရေဘေးကြောင့် ကြေညာနိုင်ခြင်းမရှိဘဲ လာမယ့် စက်တင်ဘာလကျမှ ထုတ်ပြန်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံပိုင်သတင်းစာကိုပြောပါတယ်။

မူလက သြဂုတ်လ ၂၃ ရက်မှ စက်တင်ဘာလ ၆ ရက်အထိ တနိုင်ငံလုံး မဲဆန္ဒရှင် စာရင်းတွေကြေညာကပ်ထားဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် ရေဘေးကြောင့်ကြေညာမယ့်ရက် မပြောနိုင်သေးဘဲ စက်တင်ဘာလတွင်းမှ ထုတ်ပြန်နိုင်မယ်လို့ ကော်မရှင်ညွန်ကြားရေးမှူး ဦးသောင်းလှိုင်က ဒီကနေ့ထုတ် အစိုးရသတင်းစာမှာ ပြောကြားခဲ့တာပါ။

''မြို့နယ်အလိုက် ကပ်တဲ့ အခြေခံမဲစာရင်း ကိစ္စကတော့ တဖြတ်ပြီးသွားပါပြီ။ လောလောဆယ် ကျနော်တို့ သြဂုတ်လထဲမှာတော့ တနိုင်ငံလုံး မဲစာရင်း မကပ်နိုင်ဘူး။ ရေကြီးမှုတွေကြောင့် ပြန်လည် ထူထောင်ရေးတွေ လုပ်နေရတဲ့အချိန်မှာ မဲစာရင်းကပ်မယ်ဆို ပြည်သူတွေအနေနဲ့ သွားကြည့်ဖို့ အခက်အခဲရှိနိုင်တယ်။ ဒါကြောင့် ကျနော်တို့က ကြေညာမယ့်ရက်ကို ပြန်စဉ်းစားနေရတာ။ ဘယ်နေ့ကပ်မယ်ဆိုတဲ့ ရက်တော့ ကျနော် အတိအကျ မပြောနိုင်သေး ဘူး။ စက်တင်ဘာလ အတွင်းမှာတော့ ကပ်မယ်''ဟုလို့ ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်ကြည်ကလည်း မဲဆန္ဒရှင်စာရင်းတွေကြညာမယ့်ရက် အတိအကျမသိရသေးပေမယ့် အဆင်သင့်ဖြစ်တဲ့အချိန်မှာ ထုတ်ပြန်ကြေညာမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“စက်တင်ဘာလထဲမှာ ကြေညာမှာရက်တော့ မသတ်မှတ်ရသေးဘူး။ စက်တင်ဘာ လထဲမှာ ကြေညာဖို့လျာထားတယ်။ အားလုံးပြီးတဲ့ အခါတပတ်လောက် ရက်ကြိုကြေညာလိမ့်မယ် သူ့ဖာသူ အကြောင်းတွေ အများကြီးရှိတယ် ရေဘေးလည်းပါတယ်။ ဘာလည်းပါတယ် အဒါအဆင်သင့်ဖြစ်တဲ့ အချိန်ကျရင် ကြေညာပါလိမ့်မယ်”

တနိုင်ငံလုံး မဲဆန္ဒရှင် စာရင်းတွေ ကြေညာကပ်ထားပြီးပါက အမှား ပြင်ဆင်၊ ပယ်ဖျက် ဖြည့်စွက် ထည့်သွင်းတာတွေ နောက်ဆုံးအကြိမ်လုပ်နိုင်ဖို့ ၁၄ ရက်ကြာ အချိန်ရမှာဖြစ်ပြီး မဲဆန္ဒရှင်တွေ အနေနဲ့ မဲဆန္ဒရှင်စာရင်းမှာ မိမိအမည် ပါဝင်ခြင်းရှိမရှိ စစ်ဆေးနိုင်မယ်လို့လည်း ကော်မရှင်က ပြောပါတယ်။

သက်ဆိုင်ရာ မဲဆန္ဒရှင်စာရင်းမှာ မိမိအမည် ပါဝင်ခြင်းမရှိပါက ပုံစံ (၃)၊ မဲဆန္ဒရှင်စာရင်းမှ ကွဲလွဲချက်တွေကို ပြင်ဆင်လိုပါက ပုံစံ (၄-ဂ) ၊ မဲစာရင်းတွင် သေဆုံးသူနဲ့ ဆန္ဒမဲပေးရန် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိသဖြင့် မဲစာရင်းအား ကန့်ကွက်လွှာ ပုံစံ(၄)ဖြင့် ကန့်ကွက်တာတွေကို နောက်ဆုံး အကြိမ်အဖြစ်လုပ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ရက်ပေါင်း ၁၈ဝ ထက်မနည်း မူလမဲဆန္ဒနယ် ပြင်ပရောက်နေတဲ့ မဲဆန္ဒရှင်တွေ အနေနဲ့ လက်ရှိ မဲဆန္ဒနယ်မှာ မဲပေးနိုင်ဖို့အတွက် အောက်တိုဘာ ၁ဝ ရက် နောက်ဆုံးထား ပြီး (ပုံစံ-၃ က)နဲ့ လျှောက်ထားဖို့လည်း ကော်မရှင်က တိုက်တွန်း နှိုးဆော်ပါတယ်။

လက်ရှိ မြန်မာတနိုင်ငံလုံး လူဦးရေ ၅၁ သန်းကျော်ရှိတဲ့အနက် ၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၂ သန်းခန့်ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းဇယားကို ကိုးကားပြီး နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထား ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013