DVB Logo
Home
မြန်မာသတင်း
ရေဘေးကူညီမှုများကို မှတ်တမ်းတင်ထားနိုင်ရန် အချက်အလက်များ အစိုးရတောင်းခံ
DVB
·
August 24, 2015
ရေဘေးကူညီမှုများကို မှတ်တမ်းတင်ထားနိုင်ရန် အချက်အလက်များ အစိုးရတောင်းခံ
Donate to DVB

ရေဘေးအတွက် တယောက်ချင်းစီဖြစ်ဖြစ်၊ အသင်းအဖွဲ့လိုက်ဖြစ်ဖြစ် ထောက်ပံ့ကူညီခဲ့တဲ့ နေရာဒေသ၊ ငွေကြေး ပစ္စည်းတန်ဖိုးတွေကို စာရင်းပေးပို့ကြဖို့ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီက ပန်ကြားလိုက်ပါတယ်။

ကူညီတာတွေကို မှတ်တမ်းတင်ထားနိုင်ဖို့နဲ့ ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေး လုပ်ငန်းတွေကို ထိရောက် လျင်မြန်အောင် စီမံခန့်ခွဲနိုင်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေက တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ ရေကြီးရေလျှံတာတွေကြောင့် လူပေါင်း ၁၆ သိန်းကျော် ရေဘေးသင့်ခဲ့ပြီး လူ ၁၂၁ ယောက် သေဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

အခုအချိန်ထိ ရေဘေးကြောင့်သေဆုံးခဲ့သူတွေအတွက် ထောက်ပံ့တာ၊ အရေးပေါ် အစားအသောက်နဲ့ ကယ်ဆယ်ရေးပစ္စည်း၊ ဆန်နဲ့ အိမ်ဆောက်ပစ္စည်းတွေအတွက် အစိုးရက ကျပ်သိန်းပေါင်း ၆၈၀၀ ကျော် ထောက်ပံ့ပေးထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ပြည်ပက ကူညီတာတွေအတွက် ရန်ကုန်နဲ့ မန္တလေးလေဆိပ်တွေမှာ အလှူလက်ခံရေးအဖွဲ့တွေ ရှိပါတယ်။ နောက်ပြီးတော့ တရုတ်ကလည်း မူဆယ်ဘက်က ၀င်လာတာတွေကို လက်ခံပေးနေပါတယ်။ ခုချိန်ထိ ရရှိထားတဲ့စာရင်းတွေအရ ပြည်ပက ကူညီတာ ကျပ်သန်း ၂၂၀၀ ကျော်ရှိပါပြီ” လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ဒီဗွီဘီကို ပြောပါတယ်။

ရေဘေးကူညီခဲ့တဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ် ကယ်ဆယ်ရေးစခန်းတွေကို ပေးပို့နိုင်ပါတယ်။

ပြီးတော့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီရုံး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၂၃၊ နေပြည်တော်ကို စာနဲ့ဖြစ်ဖြစ်၊ ဖုန်း၊ ဖက်စ်၊ အီးမေးလ် စတဲ့နည်းလမ်းတွေနဲ့ ပေးပို့နိုင်ပါတယ်။

ဖုန်း - ၀၆၇ ၄၀၄၀၂၁၊ ၀၆၇ ၄၀၄၀၂၂၊ ၀၆၇ ၄၀၄၅၄၀၊ ၀၉ ၄၂ ၃၀၀၀ ၂၉၇၊ ၀၉ ၈၆၀ ၃၄၀၁၊ ၀၉ ၈၆၀ ၃၄၀၂

ဖက်စ် - ၀၆၇ ၄၀၄၅၄၁၊ ၀၆၇ ၄၀၄၃၃၅

အီးမေးလ် - [email protected]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013