DVB Logo
Home
မြန်မာသတင်း
လှေစီးဝင် ဘင်္ဂလားဒေ့ရှ် ၁၂၆ ဦးကို မနက်ဖြန် ပြန်ပို့မည်
DVB
·
August 24, 2015
လှေစီးဝင် ဘင်္ဂလားဒေ့ရှ် ၁၂၆  ဦးကို မနက်ဖြန် ပြန်ပို့မည်
Donate to DVB

မြန်မာနိုင်ငံက ကယ်ဆယ်ထားတဲ့ လှေစီးဝင်လာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂၆ ဦးကို မနက် ဖြန် သြဂုတ်လ ၂၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ပြန်လည်လွှဲအပ် ပေးမယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိ ဦးခင်စိုးက ပြောပါတယ်။

“အခုလာမယ့် ၂၅ ရက်နေ့ မနက်ဖြန်ပို့မှာပါ။ ၁၂၆ ယောက်ပို့ပါမယ်။ တောင်ပြိုလက်ဝဲမှာ နှစ်နိုင်ငံ နယ်ခြားမှာရှိတဲ့ တံတားမှာ ကျတော်တို့ တရားဝင် အလွှဲအပြောင်းလုပ်ပါမယ်။  အခု ၁၂၆ ယောက်လွှဲရင် ၁၀၀ ပဲကျန်ပါမယ်။”

ကျန်တဲ့သူတွေ ၁၀၀ ကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားတဲ့ပေါ် မှာ မူတည်ပြီး ပြန်ပို့မှာဖြစ်ပါတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက်က ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ် ၂၀၀ လိုက်ပါလာတဲ့  လူမှောင်ခို လှေတစီးကို မြန်မာရေတပ်က ကယ်ဆယ်ခဲ့ပြီး မေလ ၂၉ ရက်ကလည်း ဧရာဝတီတိုင်း ဖျာပုံမှာ ဘင်္ဂါလီ ၇၀၀ ကျော်လိုက်ပါလာတဲ့ လှေတစီးဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

မြန်မာရေပိုင်နက်အတွင်း လှေစီးဝင်လာသူတွေထဲက အတည်ပြုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စုစုပေါင်း ၅၀၁ ဦးကို လေးသုတ်ခွဲပြီး နေရပ်ပြန်ပို့ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

စိစစ်မှုအရ  မြန်မာနိုင်ငံဘက်က ဘင်္ဂလီတွေကိုတော့ သက်ဆိုင်ရာ မြို့နယ် ကျေးရွာတွေကို ပြန်လည်ပို့ဆောင်ထားပြီးဖြစ်တယ်လို့လည်း ဦးခင်စိုးက ပြောပါတယ်။

ဇွန်လ ၃၀ ရက်နေ့နဲ့ ဇူလိုင် ၁၂ ရက်နေ့တွေမှာ မြန်မာပြည်တောင်ပိုင်း ရေပြင်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားလို့ ယူဆရတဲ့ လှေစီးပြောင်းရွှေ့သူ ၁၀၂ ယောက်ကို ဆယ်ယူနိုင်ခဲ့တယ်လို့ အစိုးရက အရင်လက ကြေညာခဲ့ပါတယ်။

သူတို့ထဲက တချို့ဟာ အတင်းအကြပ် လူကုန်ကူး ခံရသူတွေ၊ တချို့ က မလေးရှားမှာ အလုပ် လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ထွက်လာသူတွေ ဖြစ်ပြီး၊ လူကုန်သည်တွေက သူတို့ကို ကော့သောင်း အလွန်  ကျွန်းတကျွန်းပေါ်မှာ ပစ်ထားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013