DVB Logo
Home
မြန်မာသတင်း
တောဆင်ရိုင်း ၆ ကောင် ပုပ္ပါးဘက် ထွက်သွားနေ
DVB
·
August 23, 2015
တောဆင်ရိုင်း ၆ ကောင် ပုပ္ပါးဘက် ထွက်သွားနေ
Donate to DVB

သြဂုတ် ၂၁ ရက်က မိတ္ထီလာမြို့နယ်ဘက်မှာ  စတင်တွေ့ရှိခဲ့တဲ့ တောဆင်ရိုင်း ၆ ကောင်ဟာ ဒီနေ့မနက်ပိုင်းမှာတော့ ပုပါးဘက်ကို ထွက်သွားကြပြီလို့ သိရပါတယ်။

တောဆင်ရိုင်း ၆ ကောင်ဟာ သြဂုတ် ၂၂ ရက်ညပိုင်းမှာ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပြားရွာနားကို ရောက်ရှိလာကြပြီး ဒီနေ့ မနက်ပိုင်းမှာတော့ ပုပ္ပါးဘက်ကို ထွက်ခွာသွာကြတယ်လို့ လက်ပံပြား ရဲစခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။

“လက်ပံပြားကတော့ ထွက်သွားပြီဗျ၊ ဦးတည်တာကတော့ ပုပ္ပါးဘက်ကို ဦးတည်တယ်ဗျ၊ မနေ့က ၀င်လာပြီး ဒီနေ့ ပြန်ထွက်သွားတာ။”

ပြန်ကြားရေးဌာနသတင်းအရ တောဆင်ရိုင်းတွေဟာ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သရက်ချောင်းအနီးမှ စတင်ထွက်ခွာလာတဲ့ ဆင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနေရာကနေ ပျော်ဘွယ်၊ မိထ္ထီလာ၊ မလှိုင်၊ တောင်သာနဲ့ ကျောက်ပန်းတောင်မြို့နယ်ထဲကို ဖြတ်သန်း ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ကျောက်ပန်းတောင်မြို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုရဲခေါင်ကလည်း သူတို့ ဒေသထဲ ဆင်အုပ်ဖြတ်သန်းသွားပုံကို ခုလို ပြောပြပါတယ်။

“ကျောက်ပန်းတောင်း၊ တောင်သာ၊ မလှိုင်နယ်စပ်ကနေပြီးတော့ ကမ္ဘားတဲဆိုတဲ့ ရွာကို ၀င်လာတယ်၊ ကမ္ဘားတဲရွာကနေ သန်းကုန်းဘက်ကို တက်သွားတယ်တဲ့၊ ဆင်ကြီး ၄ ကောင်၊ ဆင်ငယ် ၂ ကောင်လို့ ပြောတယ်။ ပုပ္ပါးအရှေ့ဘက်က ရွာတွေဘက် တက်သွားကြတာပေါ့။”

ဒေသခံတွေကို ရန်မူတာ မရှိဘဲ သူတို့ဘာသာ ဖြတ်သန်းသွားတာလို့လည်း ဆိုပါတယ်။

တောဆင်ရိုင်း ၆ ကောင် ဖြတ်သန်းသွားလာခဲ့ပေမယ့် တောင်သူတွေ စိုက်ပျိုးထားတဲ့ သီးနှံခင်းတွေ တစုံတရာပျက်စီးတာမရှိသလို ထိခိုက်ဒဏ်ရာရရှိသူလည်း မရှိဘူးလို့ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013