DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမြို့ ရွှေတောင်ကြားအိမ်ယာတွင် မီးလောင်
DVB
·
August 21, 2015
တောင်ကြီးမြို့ ရွှေတောင်ကြားအိမ်ယာတွင်  မီးလောင်
Donate to DVB

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့  ကံကြီးရပ်ကွက်က ရှမ်းကွင်း ခေါ် ရွှေတောင်ကြား အိမ်ယာမှာ အိမ်ကြီးအိမ်ကောင်းတလုံး မီးလောင်သွားပါတယ်။

သြဂုတ်လ ၂၁ ရက် မနက် ၂ နာရီခွဲလောက်က သူတို့ရပ်ကွက်ထဲမှာ မီးလောင်လို့ သွားကြည့်ရာ မှာ ရပ်ကွက်ထဲက အခမ်းနားဆုံးအိမ်ကြီး မီးလောင်နေတာတွေ့တယ်လို့  ဒေသခံ စိုင်းခေးက ဒီဗွီဘီကို ပြောပါတယ်။

“မီးလောင်သွားတာ အစိုးရအင်ဂျင်နီယာတပ်က ဗိုလ်မှူးကြီးတယောက်ရဲ့အိမ်ခင်ဗျ။  ရပ်ကွက်ထဲ မှာ အကောင်းဆုံးအိမ်၊  ကျနော်တို့ သွားကြည့်တော့ မီးက ဒီဘက်တဆောင် ကနေ နောက် တဆောင်ကို ကူးနေပြီ။ သူတို့အိမ်က ကားလေးငါးစီးလောက်ရှိတာ၊ အဲဒါ ကားတွေလည်း ထုတ်၊ ပြီးတော့ နောက်တဆောင်ကို လှေကားထောင်ပြီး ပစ္စည်းတွေ သယ်နေကြတယ်။  အဆောင်ကြီးတဲ့ အိမ်က စလောင်တာ၊ မီးသတ်ကားက ပထမအိမ် လောင်ပြီးမှ ရောက်လာ တယ်။ မီးသတ်ကား ၈ စီးလောက်ရှိတယ်။ လူနာတင်ကားတွေလည်း ပါတယ်။ လူတယောက် တော့ ခြေတောက်မှာ သွေးတွေရဲနေတယ်။ ဘာကြောင့်ရတဲ့ ဒဏ်ရာလဲတော့ မသိဘူး။ ဘာဖြစ်လို့ မီးလောင်တယ်ဆိုတာလဲ မသိဘူး။ အမျိုးမျိုးပြောနေတယ်။ ၀ိုင်ယာရှော့တို့ ရှို့မီးတို့ပေါ့။”

ရွှေတောင်ကြားအိမ်ယာမှာ  တောင်ကြီးမြို့ အဝေရာကွင်းခေါ် မီးပုံးပျံကွင်းရဲ့ တောင်ဘက်မှာ တည်ရှိကာ အများအားဖြင့် တပ်မတော်အငြိမ်းစားအရာရှိနဲ့ ငွေကြေးတတ်နိုင် သူတွေ နေတယ်လို့ ဒေသခံက ပြောပါတယ်။

အစိုးရ ပြန်ကြားရေးကတော့ မီးလောင်ခံရတဲ့ အိမ်ပိုင်ရှင်ဟာ ဦးအုန်းမော် ဆိုသူဖြစ်ပြီး မီးအားမြှင့်စက် အပူလွန်ကဲရာက စပြီးလောက်ကျွမ်းတယ်လို့ ဖော်ပြထားပါတယ်။

မီးစတင်လောင်ကျွမ်းချိန် ၂ နာရီခွဲ ဖြစ်ပြီး မနက် ၃ နာရီမှာ မီးငြိမ်းသတ်နိုင်ခဲ့ကာ  မီးလောင်မှုနဲ့ ပတ်သက်ပြီး အိမ်ရှင် ဦးအုန်းမော်ကို ဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013