DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့နယ်တွင် ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား
DVB
·
August 21, 2015
တောင်တွင်းကြီးမြို့နယ်တွင် ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား
Donate to DVB

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး လူသေဆုံးမှုတွေလည်း ရှိနေပါတယ်။

တောင်တွင်းကြီးမြို့နယ်က ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုနှုန်းဟာ အရင်နှစ်တွေထက် ပိုမိုဖြစ်ပွားနေပြီး ဒီရောဂါရဲ့ နောက်ဆက်တွဲ ပြဿ  နာကြောင့် လူ ၂ ဦးသေဆုံးခဲ့တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ဇော်မိုးက ပြောပါတယ်။

"ဝမ်းလျှောရောဂါ ဖြစ်ပွားရတာဟာ မသန့်ရှင်း၊ ယင်နားတဲ့ အစားအစာတွေနဲ့ သောက်သုံးတဲ့ရေတွေ မသန့်ရှင်းတာကြောင့် ဖြစ်လေ့ရှိပါတယ်။ ကျနော်တို့ မြို့နယ်မှာတော့ သေဆုံးသူ ၂ ဦးရှိပြီး ပထမ ၁ ဦးက အပြင်မှာ ဆေးမီးတိုနဲ့ ကုနေရင်း အချိန်လွန်မှာ ရောက်ရှိလာပြီး နောက်ဆက်တွဲ ပြဿ နာကြောင့် သေဆုံးတာဖြစ်ပါတယ်။ ဒုတိယ ကလေးငယ်ကလည်း အပြင်မှာ ကုနေပြီးတော့ အချိန်လွန်မှ ရောက်လာပြီး ဆေးရုံမှာ သေဆုံးသွားပါတယ်။ အရင်နှစ်ထက် ဖြစ်ပွားမှုများတာကို တွေ့ရပြီးတော့ သြဂုတ်လ ပထမအပတ်မှာ ဖြစ်ပွားမှုအများဆုံး ဖြစ်ခဲ့ပါတယ်။ ဒုတိယ အပတ်မှာတော့ ဖြစ်ပွားမှု လျော့ကြသွားပါတယ်။"

ဆေးရုံကိုလွှဲပြောင်းဖို့ လိုအပ်တဲ့ လူနာတွေအတွက် ဆောင်ရွက်ပေးထားပြီး ဝမ်းရောဂါ တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း ထောက်ပံ့ကူညီပေးထားတယ်လို့  ဆေးရုံအုပ်ကြီးက ပြောပါတယ်။

လူမှုရေးအသင်းအဖွဲ့တခု ဖြစ်တဲ့ စန္ဒာသူရိယ ကျန်းမာ-ပညာစောင့်ရှောက်ရေးအဖွဲ့က ဒေါက်တာကျော်ဆွေက "လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဘာလုပ်လဲဆိုတော့ တရွာလုံးကို စုပေါင်းလက်သည်းညှပ်တာ၊ စုပေါင်းလက်ဆေးတာတွေ လုပ်ပါတယ်။ နောက် ကျန်းမာရေး အသိပညာ ဟောပြောပွဲတွေ လုပ်ပါတယ်။ ပြီးတော့ အိမ်ထောင်စုတစုကို ရေသန့်တကတ်ရယ်၊ ဓာတ်ဆားနှစ်ထုပ်ရယ်၊ ဆပ်ပြာတခဲ နောက်ပြီးတော့ လက်သည်းညှပ်တခု ဝေပေးပါတယ်။ ရေသန့်နဲ့ ဓာတ်ဆားက ဘာကြောင့်ဝေရလဲဆိုတော့ တကယ်လို့ ညအချိန်မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခဲ့မယ်ဆိုရင် ရေသန့်နဲ့ ဓာတ်ဆားဟာ သူတို့အတွက် အသက်ကယ်ဆေးဖြစ်တဲ့အတွက် အသုံးပြုနိုင်အောင် ပေးထားတာဖြစ်ပါတယ်။" လို့ ပြောပါတယ်။

အခုလ အစောပိုင်းက တရက်ကို လူ ၁၀ ဦးထက်မနည်း ဆေးပို့ပေးခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ တရက်ကို ၅ ယောက်လောက်ပဲ ပို့ပေးရတဲ့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါကို နိုင်နင်းအောင် ကိုင်တွယ်နိုင်တဲ့အဆင့် ရောက်နေပြီလို့လည်း ပြောပါတယ်။

လူမှုရေးအသင်းအဖွဲ့တွေဖြစ်တဲ့  စန္ဒာသူရိယ ကျန်းမာ-ပညာစောင့်ရှောက်ရေးအဖွဲ့၊ စိတ္တသုခ လူမှုကူညီရေးအသင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ ဇီဝိတ အခမဲ့ဆေးခန်း၊ မြို့နယ်သွေးလှူရှင်များအသင်းတွေက အဖွဲ့ဝင်တွေ စုပေါင်းပြီး ကျေးရွာအတွင်းနဲ့ အိမ်သာတွေကို ယင်သတ်ဆေးဖျန်းပေးတာ၊ ယင်ကပ်ကော်တွေ ချပေးတာတွေလည်း ဆောင်ရွက်ပေးပြီး မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာပေါင်း ၈ ခုက အိမ်ထောင်စုပေါင်း ၁၇၀၀ ကျော်ကိုလည်း  ကျန်းမာရေးဆိုင်ရာ ဟောပြောတာနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ တိုက်ဖျက်ရေးတွေကို ဆောက်ရွက်ပေးလေ့ ရှိပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013