DVB Logo
Home
မြန်မာသတင်း
သြဂုတ် ၂၀ ရက်နေ့ တရက်တည်း သွေးလွန်တုပ်ကွေး ဖြစ်သူ ၂၂၄ ဦး ရှိ၊ ၁ ဦး သေဆုံး
DVB
·
August 21, 2015
သြဂုတ် ၂၀ ရက်နေ့ တရက်တည်း သွေးလွန်တုပ်ကွေး ဖြစ်သူ ၂၂၄ ဦး ရှိ၊ ၁ ဦး သေဆုံး
Donate to DVB

သြဂုတ် ၂၀ ရက်နေ့မှာ ပြည်နယ်နဲ့ တိုင်းအလိုက် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၂၄ ဦးရှိပြီး ၁ ဦး သေဆုံးတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုက စစ်ကိုင်းတိုင်း ၈၄ ဦး၊ မန္တလေးတိုင်း ၂၅ ဦး၊ ဧရာဝတီတိုင်း ၁၉ ဦး၊ ရန်ကုန်တိုင်း ၁၇ ဦး၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းမှာ ၁၃ ဦးစီ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်နဲ့ နေပြည်တော် ၁၂ ဦးစီ၊ မွန်ပြည်နယ် ၁၀ ဦး၊ ကချင်ပြည်နယ် ၇ ဦး၊ ကရင်ပြည်နယ် ၆ ဦး၊ ရခိုင်ပြည်နယ် ၃ ဦး၊ မကွေးတိုင်း ၂ ဦးနဲ့ ကယားပြည်နယ်မှာ ၁ ဦးတို့ ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါကြောင့် ရန်ကုန်တိုင်းမှာ ၁ ဦး သေဆုံးတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို စဉ်ဆက်မပြတ် စောင့်ကြပ်ထောက်လှမ်းပြီး ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း မိမိတို့ နေအိမ်နဲ့ ပတ်ဝန်းကျင်မှာ ခြင်ကျား၊  ပိုးလောက်လန်းတွေ ပေါက်ပွားမှု မရှိစေဖို့၊ ရပ်ကွက်နဲ့ ကျေးရွာတွေအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ သံသယရှိ ကလေးငယ်တွေကိုလည်း ဆေးရုံနဲ့ ဆေးခန်းတွေဆီ အချိန်မီပို့ဆောင် ဆေးကုသမှု ခံယူဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013