DVB Logo
Home
မြန်မာသတင်း
ပဲကြီးလှော် အပါအ၀င် စားသုံးရန်မသင့် စားသောက်ကုန် ၂၇ မျိုး ထုတ်ပြန်
DVB
·
August 21, 2015
ပဲကြီးလှော် အပါအ၀င် စားသုံးရန်မသင့် စားသောက်ကုန် ၂၇ မျိုး ထုတ်ပြန်
Donate to DVB

ခွင့်ပြုမထားတဲ့ ဓာတုဆိုးဆေးတွေပါဝင်တဲ့ ပဲကြီးလှော်၊ ပဲငါးပိ၊ ဆီတို့ဟူးနဲ့  ငရုတ်အရောင်တင်မှုန့်  အပါအ၀င် စားသောက်ကုန်  ၂၇ မျိုးကို အများပြည်သူ စားသုံးရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။

ကြေညာထားတဲ့ အစားအစားတွေထဲမှာ ခိုင်သဇင်၊ လေးထီ၊ ခင်မမ၊ ငွေပလောင်၊ ကြီးရှမ်းနဲ့ မွှေးမွှေးလှိုင် အမှတ်တံဆိပ် ပဲကြီးလှော်၊ လားရှိုးစပါယ်ရှယ် ပဲငါးပိ၊ မြင်းပျံနဲ့ ကျောက်နီတံဆိပ် ဆီတို့ဟူး စတာတွေ ပါဝင်ပါတယ်။

ဈေးကွက်အတွင်းနဲ့ ကျောင်းမုန့်ဈေးတန်းတွေမှာ ၀ယ်ယူစစ်ဆေးရာကနေ သုံးစွဲဖို့ ခွင့်ပြုမထားတဲ့ ဆိုးဆေးနဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာကို တွေ့ရှိရတာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစိုးရထုတ်ပြန်ထားတဲ့ စားသုံးရန်မသင့်တဲ့ အစားအစာ ၂၇ မျိုးကို အောက်ပါလင့်မှာ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/MOIWebportalMyanmar/photos/pcb.753320168129185/753318751462660/?type=1&theater

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013