DVB Logo
Home
အထူးကဏ္ဍ
ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးရည်တိုက်ပွဲ နှင့် မျိုးဆက်သစ်လူငယ်များအမြင်
DVB
·
June 16, 2011
ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးရည်တိုက်ပွဲ နှင့် မျိုးဆက်သစ်လူငယ်များအမြင်
Donate to DVB

ဒေါ်အောင်ဆန်းစုကြည် (၆၆) နှစ်ပြည့်မွေးနေ့ အထူးအစီအစဉ်

အသံဖိုင် နားဆင်ရန်

ဇွန်လ (၁၉) ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၆၆) နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၈.၈.၈၈ အရေးတော်ပုံကနေ ဒီနေ့အထိ မြန်မာပြည် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုကြီးကို ပဲ့ကိုင်ဦးဆောင်နေသူ ဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို မျိုးဆက်သစ်လူငယ်တွေ ဘယ်လို နားလည်ထားကြပါသလဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အကြမ်းမဖက်ငြိမ်းချမ်းရေး လှုပ်ရှားမှုဆိုတာကို ဘယ်လို နားလည်ပြီး၊ ဘယ်လောက်ထိ လိုက်ပါဆောင်ရွက်ဖို့ စိတ်ကူးထားပါသလဲ၊ "ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးရည်တိုက်ပွဲနှင့် မျိုးဆက်သစ် လူငယ်များအမြင်"အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်၊ ဒီဗွီဘီ မြန်မာပိုင်းဝက်ဆိုက်အသစ်ဖြစ်တဲ့ burmese.dvb.no ရဲ့  "ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးရည်တိုက်ပွဲနှင့် မျိုးဆက်သစ်လူငယ်များ အမြင်" စာမျက်နှာမှာလည်း ကိုယ့်ရဲ့ အမြင်တွေကို ရေးထားခဲ့လို့ ရပါတယ်၊ ဒီအစီအစဉ်ကို ရေဒီယိုမှာလည်း ထုတ်လွှင့်မှာဖြစ်တဲ့အတွက် အသံနဲ့ ပါဝင် ဆွေးနွေးချင်သူတွေ အနေနဲ့လည်း ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပါတ်တွေကို အခုစာမျက်နှာမှာဖြစ်ဖြစ်၊ [email protected] အီးမေးကို ဖြစ်ဖြစ် စာပို့ပြီး ဖုန်းနံပါတ်တွေ ပေးထားခဲ့လို့ ရပါတယ်၊
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013