DVB Logo
Home
မြန်မာသတင်း
အနာဂတ် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ကားပျံ (ရုပ်သံ)
DVB
·
August 20, 2015
အနာဂတ် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ကားပျံ (ရုပ်သံ)
Donate to DVB

အမေရိကန်အခြေစိုက် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ တာရာဖူဂျီယာ (Terrafugia) က ထုတ်လုပ်လိုက်တဲ့ TF-X ကားပျံ ပြေးလမ်းပေါ် မပြေးခင်အချိန်မှာ ငြင်ငြင်သာသာလေး ဆင်းသက်လာပုံကို ဒီဗွီဒီယိုထဲမှာ မြင်တွေ့နေရတာ ဖြစ်ပါတယ်။

အခုလက်ရှိမှာ TF-X ကို တည်ဆောက်ပြုပြင်ဆဲဖြစ်ပေမယ့် ဒီကားပျံဟာ အရှိန်နှုန်းမှန်မှန်နဲ့ဆိုရင် တနာရီကို မိုင် ၂၀၀ (တနာရီ ၃၂၁ ကီလိုမီတာ) နှုန်းနဲ့ မိုင် ၅၀၀ (၈၀၄) ကီလိုမီတာ အကွာအဝေးထိ ပျံသန်းနိုင်မှာဖြစ်ကြောင်း တီထွင်သူတွေက ဆိုပါတယ်။

ကားပျံထဲမှာ လူ ၄ ဦး တင်ဆောင်နိုင်မှာဖြစ်ပြီး လေယာဉ်မောင်းလိုင်စင်မလိုဘဲ ကားကို မောင်းနှင်နိုင်မှာဖြစ်သလို ကားကို ထိန်းချုပ်မောင်းနှင်ဖို့အတွက် လေ့ကျင့်ချိန် ၅ နာရီသာ လိုအပ်ပါတယ်။

မောင်းနှင်သူက ခရီးပန်းတိုင်တခုကို သတ်မှတ်ပေးရုံနဲ့ အော်တိုပိုင်းလော့စနစ်က ကျန်တဲ့အပိုင်းကို အလိုအလျောက် ထိန်းချုပ် မောင်းနှင်သွားမှာဖြစ်တဲ့အကြောင်း တာရာဖူဂျီယာ ကုမ္ပဏီက ဆိုပါတယ်။

ဘက်ထရီတွေကို ကားပျံရဲ့အင်ဂျင် ဒါမှမဟုတ် လျှပ်စစ်ကားအားဖြည့်ရုံတွေမှာ အားပြန်သွင်းလို့ရပါတယ်။ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပြီဆိုရင် TF-X ကားပျံကို ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်အောင် လေထီးကို ထိထိရောက်ရောက် အသုံးချလို့ရပါတယ်။

လက်ရှိမှာ တည်ဆောက်ပြုပြင်ဆဲ အခြေအနေဖြစ်တာမို့ ၈ နှစ်မှ ၁၂ နှစ်အတွင်းမှာ အသုံးပြုလို့ရနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ကားပျံဟာ နောက်ဆုံးပေါ် ဇိမ်ခံကားတစီးရဲ့ ဈေးနှုန်းနဲ့ အတူတူလောက် သွားကျမှာဖြစ်တဲ့အကြောင်း တာရာဖူဂျီယာက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013