DVB Logo
Home
မြန်မာသတင်း
ရပ်နားရန် ဖိအားပေးခံရသည့် ချယ်ရီအက်ဖ်အမ် ပြန်လွှင့်ခွင့်ရ
DVB
·
August 19, 2015
ရပ်နားရန် ဖိအားပေးခံရသည့် ချယ်ရီအက်ဖ်အမ် ပြန်လွှင့်ခွင့်ရ
Donate to DVB

ပြည်တွင်းအသံလွှင့်ဌာနတခုဖြစ်တဲ့ ချယ်ရီအက်ဖ်အမ်ကို ပြန်ကြားရေးဝန်ကြီးဌာနက ရပ်နားဖို့ ဖိအားပေးခဲ့ပြီးတဲ့နောက် ဒီနေ့ ညနေ ၆ နာရီမှာတော့ ပြန်လည်ထုတ်လွှင့်ခွင့် ရသွားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သူရဦးရွှေမန်းကို ပူးတွဲဥက္ကဋ္ဌ ရာထူးက ဖယ်ရှားပြီးတဲ့နောက် သူ့ချွေးမပိုင်တဲ့ ချယ်ရီအက်ဖ်အမ်ကို မိမိသဘောဆန္ဒအရ ရပ်ဆိုင်းတဲ့ ပုံစံမျိုး သုံးလ ရပ်နားဖို့  ပြန်ကြားရေးဝန်ကြီးဌာနက ဖိအားပေးလာခဲ့တာပါ။

ဒီနေ့မှာတော့ နေပြည်တော်မှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအ၀င် တာဝန်ရှိသူတွေနဲ့ ချယ်ရီအက်ဖ်အမ် တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြပါတယ်။

“စည်ကမ်းတချို့လိုက်နာခိုင်းတယ်။ ဒါကလည်း မီဒီယာအနေနဲ့ ဘက်မလိုက်ရမယ့် ကျင့်ဝတ်ရှိနေတဲ့အတွက် လိုက်နာရမှာပေါ့” လို့ ချယ်ရီအက်ဖ်အမ်ရဲ့ အထွေထွေမန်နေဂျာ ဦးသန်းထွေးဇော်က ဒီဗွီဘီကို ပြောပါတယ်။

တဦးတယောက်နဲ့ ပတ်သက်ပြီး ဘက်လိုက်ဖော်ပြတာ၊ ကောင်းကြောင်း ဆိုးကြောင်း ပြောတာမျိုးကို မလုပ်ဖို့ ပြန်ကြားရေးဘက်က တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ရုပ်သံလွှင့်ဥပဒေ မရှိသေးတဲ့အတွက် ပြည်တွင်းမှာ ထုတ်လွှင့်နေတဲ့ ရုပ်သံဌာနတွေဟာ မြန်မာ့အသံနဲ့ အကျိုးတူပူးပေါင်းလုပ်နေရတာလို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက ပြောပါတယ်။

ဒီအတွက် ဘယ်လိုအခြေအနေမှာမဆို ထုတ်လွှင့်ခွင့်ကို ရပ်နားပစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။ လက်ရှိမှာတော့ ပြည်တွင်းမှာ ရုပ်သံလွှင့် ကုမ္ပဏီနှစ်ခုနဲ့ အက်ဖ်အမ်လိုင်း ၁၀ ခုလောက် ထုတ်လွှင့်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013