DVB Logo
Home
Lead Story
ထိုင်းဘုရင် ၇ ပါး ရုပ်တု ထုဆစ်ပြီးစီး
DVB
·
August 20, 2015
ထိုင်းဘုရင် ၇ ပါး ရုပ်တု ထုဆစ်ပြီးစီး
1 / 6
Donate to DVB

ထိုင်းနိုင်ငံ့သမိုင်းမှာ နိုင်ငံနဲ့ လူမျိုးအတွက် စွမ်းစွမ်းတမံ ဦးဆောင်ဦးရွက်ပြုခဲ့သူ  ရှင်ဘုရင် ၇ ပါးကို ဂုဏ်ပြုတဲ့အနေနဲ့  ကြီးမားတဲ့ ရုပ်တုကြီးတွေ ထုဆစ်နေတာ ပြီးစီးသွားပြီ ဖြစ်ပါတယ်။

အဲဒီရုပ်တုတွေကို ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ပရကျူတ်ခီရိခန်ခရိုင် ဟွာဟင်မြို့နယ်က ရာချဖတ်ဥယျာဉ်မှာ ထားရှိပြီး ပထမဆုံးအကြိမ် ပူဇော်ပသပွဲ အခမ်းအနားကို သြဂုတ်လ ၁၉ ရက် မနက် ၉ နာရီမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို ထိုင်းဝန်ကြီးချုပ်  ပရာယွတ်ချန်အိုချာကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ ပါတယ်။

ထိုင်းပြည်သူပြည်သားတွေ၊ နောင်လာနောက်သားတွေအနေနဲ့ ဒီရုပ်တုတွေကို ရှုမြင်ရခြင်းအားဖြင့် နိုင်ငံနဲ့လူမျိုးအတွက် စွမ်းစွမ်းတမံ ဦးဆောင်ဦးရွက်ပြုခဲ့သူ ရှင်ဘုရင်တွေကို လေးစားဂုဏ်ယူနေရမှာဖြစ်သလို ရာဇ၀င်သမိုင်းတွေလည်း လေ့လာနိုင်မယ့် နေရာတခုဖြစ်တယ်လို့ ရာချဖတ်ဥယျာဉ်ဆောက်လုပ်ရေးဌာန ညွှန်မှူး ဒုဗိုလ်မှူးကြီး ဆုထဆဒ် ကျာလုမဏီက သတင်းထောက်ကို ပြောပါတယ်။

ရုပ်တုအဖြစ် ထုဆစ်ဂုဏ်ပြုခြင်းခံရတဲ့ ဘုရင် ၇ ပါးမှာ

၁။  ပထမဆုံးထိုင်းနိုင်ငံကို ထူထောင်သူ ဆုခိုထိုင်းခေတ်မှ ဖော့ခွန်ရမ်ကမ်းဟိုင်၊

၂။ အယုဒယခေတ်က မြန်မာဘုရင်ကို တွန်းလှန်တိုက်ခိုက်သူ ဖရနရေ့ဆွန် (မြန်မာအခေါ် - ဗြနရာဇ်)

၃။ အနောက်နိုင်ငံတွေနဲ့ ပထမဆုံးဆက်သွယ်လမ်းဖွင့်ပြီး နိုင်ငံတိုးတက်အောင်ဆောင်ရွက်သူ ဖရနားလိုင်းမဟာရာ့ခ်ျ (အယုဒ္ဒယခေတ်)

၎။  မြန်မာဘုရင် ဆင်ဖြူရှင်ကို တိုက်ထုတ်သူ ဖယားတာ့ခ်ဆင် (ထွန်းပူးရီးခေတ်)

၅။ ဘန်ကောက်မြို့ကို စတင်ထူထောင်သူ ယွတ်ဖာ့ကျူလာလုတ် (ရတနာကိုးဆင့် ပထမမင်းဆက်)

၆။ အနောက်တိုင်းပညာ သယ်ဆောင်လာပြီး  သိပ္ပံပညာထွန်းကားစေသူ ဖရာ့ကျွမ်ကောက်ကျောက်ယူဟို (ရတနာကိုးဆင့် စတုထ္ထမင်းဆက် )

၇။ ငွေဝယ်ကျွန်စနစ်ဖျက်သိမ်းပြီး နိုင်ငံခြားပညာတော်သင်များ စတင်စေလွှတ်ခဲ့သူ ကျူလာကျွမ်ကောက်ကျောက်ယူဟို (ရတနာကိုးဆင့် ပဉ္စမမင်းဆက်)

စသည်တို့ ပါဝင်ပါတယ်။

ဒီရုပ်တုတွေကို ထိုင်းကြည်းတပ်မတော် အမှတ် ၇ တိုင်းစစ်ဌာနချုပ်ရဲ့ စီမံကွပ်ကဲမှုနဲ့ ဆောင်ရွက်တာဖြစ်ပြီး ဧကပေါင်း ၁၀၀ ကျော်ကျယ်တဲ့ ဥယျာဉ်ထဲမှာ ထားရှိတာ ဖြစ်ပါတယ်။ ဥယျာဉ်ထဲမှာ ရုပ်တုအပြင် သစ်ပင်ပန်းမန် အမျိုးပေါင်း တစ်ထောင်ကျော်ကိုလည်း စိုက်ပျိုးအလှဆင်ထားပါတယ်။

အများပြည်သူတွေအနေနဲ့ လာမယ့် စက်တင်ဘာလ ရုပ်တုဖွင့်ပွဲအပြီးမှာ သွားရောက်လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - travel.mthai.com

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013