DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်ဗုံးကွဲမှု မသင်္ကာသူ လေဆိပ်ဘက်ထွက်သွားဟု သက်သေထွက်ဆို
DVB
·
August 19, 2015
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် ဧရာဝဏ်နတ်ကွန်းအနီး ဗုံးပေါက်ကွဲမှုမှာ  စီစီတီဗွီကင်မရာက တွေ့ရှိတဲ့ မသင်္ကာသူဟာ သုဝဏ္ဏဘုမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဘက်ကို တက္ကစီကားနဲ့  ထွက်သွားတယ်လို့  MatichonOnline သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

ဒီနေ့မနက်က ဘန်ကောက် ဖယားထိုင်းလမ်း  အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ ဌာနချုပ်မှာ အဖွဲ့ပေါင်းစုံမှ အထူးအစည်းအဝေးတရပ် ကျင်းပခဲ့ပြီးတဲ့နောက်  အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ချန်ထစဆေဆဝေ့ခ်ျက သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

ရဲတပ်ဖွဲ့မှ သံသယရှိသူ အင်္ကျီအ၀ါရောင်ဝတ် ကျောပိုးအိတ်လွယ်သမားရဲ့ လာရာအရပ်နဲ့ ထွက်သွားရာ အရပ်တွေကို စီစီကင်မရာကနေ ဆက်လက်လိုက်လံရှာဖွေရာမှာ သူဟာ တုတ်တုတ်သုံးဘီးကားနဲ့ ရောက်လာပြီး အနီနဲ့အနက်စပ်ကြား ဟွန်ဒါဝေ့ဖ် အငှားဆိုင်ကယ်နဲ့ ဆီလုမ်းလမ်း အမှတ် ၉ လမ်းကြားထဲ ၀င်ရောက်သွားကြောင်း၊ အဲဒီထဲမှာ ဂက်စ်ဟောက်စ် (တည်းခိုခန်း) တွေရှိကြောင်း၊ အဲဒီနောက် တက္ကစီတစီး တားစီးကာ သုဝဏ္ဏဘုမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဘက် ထွက်သွားတာ တွေ့တယ်လို့ ဆိုပါတယ်။

သက်သေတဦးကလည်း သူဟာ တက္ကစီငှားစဉ်က အင်္ဂလိပ်စကားကို တိုတိုတုတ်တုတ် ပြောဆိုတယ်လို့  ထွက်ဆိုပါတယ်။

အဲဒီတက္ကစီမောင်းသမားကို လာရောက်သက်သေထွက်ဆိုပေးဖို့ ရဲတပ်ဖွဲ့က ဖိတ်ခေါ်ထား ပါတယ် ။

၁၇ ရက်နေ့ ဧရာဝဏ်နတ်ကွန်းအနီးက ပေါက်ကွဲမှုနဲ့ ၁၈ ရက်နေ့က ဆာထွန်း တံတားအနီး မယ်နန်ချောင်ဖရာမြစ်ထဲ ပေါက်ကွဲမှုဟာ ဆက်စပ်မှုရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။

ဧရာဝဏ်နတ်ကွန်းပေါက်ကွဲမှု  တရားခံကို ဖမ်းဆီးရမိဖို့အတွက် တာဝန်ရှိသူတွေဟာ စောင့်ကြည့် ကင်မရာတွေကို ဖွင့်လှစ်စစ်ဆေးတာ၊ အခြား မသင်္ကာသူတွေကို ရှာဖွေတာ၊ ဒီပေါက်ကွဲမှုနဲ့ ပုံစံတူတဲ့ ဖြစ်စဉ်တွေ လိုက်လံရှာဖွေတာ၊ ပေါက်ကွဲမှုက မြေသားတွေ စစ်ဆေးတာ၊ သင်္ကာမကင်းတဲ့လူတွေရဲ့ ကိုယ်ရေး ရာဇ၀င်တွေ ပြန်ကြည့်တာ၊ စီစီတီဗွီကင်မရာမှ ဖမ်းယူထားတဲ့ မသင်္ကာဘွယ်လူရဲ့ ပုံစံဟာ ကမ္ဘာ့အရှေ့အလယ်ပိုင်းက ၀ီဂါတိုင်းရင်းသားပုံစံနဲ့ ဆင်တူတဲ့အတွက် နိုင်ငံခြားသားတွေထဲက  ၀ီဂါတွေကို ပိုမိုသတိထားတာ၊ လာရောက်တည်းခိုရာ နေရာတွေရှာဖွေတာ စတဲ့ နည်းလမ်းမျိုးစုံ အသုံးပြုနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013