DVB Logo
Home
မြန်မာသတင်း
ချယ်ရီအက်ဖ်အမ်ကို ဖိအားပေးရပ်နားခိုင်းမှု မြန်မာဂျာနယ်လစ်ကွန်ရက် ကန့်ကွက်
DVB
·
August 18, 2015
ချယ်ရီအက်ဖ်အမ်ကို ဖိအားပေးရပ်နားခိုင်းမှု  မြန်မာဂျာနယ်လစ်ကွန်ရက် ကန့်ကွက်
1 / 2
Donate to DVB

ချယ်ရီအက်ဖ်အမ်ကို ပြန်ကြားရေးဝန်ကြီးဌာနက ရပ်နားဖို့ တောင်းဆိုလာတဲ့အပေါ် မြန်မာဂျာနယ်လစ်ကွန်ရက်က သြဂုတ်လ ၁၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သူရဦးရွှေမန်းကို ပါတီပူးတွဲဥက္ကဋ္ဌရာထူးက ဖယ်ရှားပြီးတဲ့နောက် သူ့ချွေးမပိုင်တဲ့ ချယ်ရီ အက်ဖ်အမ်ကို မိမိ သဘောဆန္ဒအရ ရပ်ဆိုင်းတဲ့ ပုံစံမျိုး ပြုလုပ်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ဖိအားပေးလာခဲ့တာကို သိရတဲ့အပေါ် ခုလို ထုတ်ပြန်တာလို့ ဖော်ပြထားပါတယ်။

“ကျနော်တို့ ကော်မတီဝင်တွေကို ဒီအပေါ်မှာ ဘယ်လိုလုပ်မယ်ဆိုတဲ့ သဘောထား မှတ်ချက်တွေကို အွန်လိုင်းက တောင်းခံခဲ့ပြီး ခုလို ထုတ်ပြန်တာပါ” လို့ မြန်မာဂျာနယ်လစ် ကွန်ရက်ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဇေယျာလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

ဒါဟာပါတီတွင်းကိစ္စဖြစ်ပေမယ့် သူနဲ့ ပတ်သက်တဲ့ မီဒီယာလုပ်ငန်းတစ်ခုကို အခုလို ပိတ်ပင်တားမြစ်တာဟာ ဒီမိုကရေစီနည်းလမ်း မကျဘူးလို့ လည်း ဝေဖန်ထားပါတယ်။

ဥပဒေချိုးဖောက်တဲ့ သတင်းတင်ဆက်တာ မရှိခင်မှာ အစိုးရက ကြိုတင်ပြီးတော့  ပိတ်ပင် တားဆီးဖို့ လုပ်တာဟာ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာ ရောက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချတယ် လို့လည်း ဖော်ပြထားပါတယ်။

အစိုးရပိုင် မီဒီယာနဲ့ ပူးတွဲလုပ်ကိုင်နေရတဲ့ ချယ်ရီအက်ဖ်အမ်အနေနဲ့ စည်ကမ်းနဲ့ ကျင့်ဝတ်တွေကို မဖောက်ဖျက်ခဲ့ပေမယ့် စာချုပ်အရ ရပ်နားပစ်လို့ရတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင့်ဆွေက ဒီဗွီဘီရဲ့ မေးမြန်းတာကို ဖြေကြားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအနေနဲ့ ဒီမိုကရေစီအစိုးရလို့ ပြောဆိုနေပေမယ့် တာဝန်ယူခဲ့တဲ့ အစိုးရသက်တမ်းတလျှောက်မှာ မီဒီယာအဖွဲ့အစည်းတွေကို တရားစွဲဆိုတာ၊ သတင်းစာ ဆရာတွေကို ရိုက်နှက်ဖမ်းဆီးတာနဲ့ အစိုးရကိုယ်တိုင်ကတရားစွဲဆိုတာတွေ လုပ်ခဲ့တယ် လို့လည်း မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013