DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ရပ်ဆိုင်းဖို့ အရေးကြီးအဆို သူရဦးရွှေမန်း ပယ်ချ
DVB
·
August 18, 2015
လွှတ်တော်ရပ်ဆိုင်းဖို့ အရေးကြီးအဆို သူရဦးရွှေမန်း ပယ်ချ
1 / 2
Donate to DVB

နိုင်ငံတ၀န်း သဘာဝရေဘေးဒဏ်ကြောင့် ခေတ္တရပ်နားထားတဲ့ လွှတ်တော်အရပ်ရပ် ပုံမှန်အစည်းအဝေးတွေကို ဒီကနေ့  သြဂုတ် ၁၈ ရက်နေ့ နေပြည်တော်မှာ ပြန်လည် စတင်ကျင်းပပါတယ်။

ဒီနေ့ ပြန်လည်စတင်တဲ့ ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ရေဘေးသင့်တဲ့ ပြည်သူတွေရဲ့ဘ၀ ပြန်လည်ထူထောင်ရေးလုပ်နိုင်ဖို့ ပြည်သူ့လွှတ်တော် ရပ်ဆိုင်းပေးဖို့  ကျောင်းကုန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက အရေးကြီးအဆို တင်သွင်းခဲ့ ပါတယ်။

“၂၀၁၅ ခု ဇွန်လ၊ ဇူလိုင်လနှင့် သြဂုတ်လများတွင် တိုင်းဒေသကြီးပြည်နယ်များအတွင်း သဘာဝ ရေဘေးအန္တရာယ်ကျရောက်မှုများနှင့် လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့်  ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြင်ဆင်ရမယ့် အချိန်အလွန်နီးကပ်နေခြင်းတို့ကြောင့် ၁၂ ကြိမ်မြောက် လွှတ်တော်ကိုအစည်းအဝေးများကို ရပ်ဆိုင်းပေးပါရန် အရေးကြီးအဆိုကို  ဥက္ကဋ္ဌကြီးမှတဆင့် လွှတ်တော်သို့လေးစားစွာဖြင့် တင်သွင်းအပ်ပါသည်။”

ဒီအဆိုကို မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ထောက်ခံ ဆွေးနွေးပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ  သူရဦးရွှေမန်းကတော့ ဒီအဆိုကို ကြိုဆိုပေမယ့် လွှတ်တော်ရပ်နားမှာ မဟုတ်ပဲ ရေဘေး ဒေသတွေက ကိုယ်စားလှယ်တွေအနေနဲ့ ခွင့်ယူနိုင်တယ်လို့ ပြောကြား သွားပါတယ်။

“ဒီအဆိုတင်လိုက်လို့ ဒီလွှတ်တော်ကြီးကို ရပ်နားပေးမှာမဟုတ်ဘူးဆိုတာ နားလည်ဖို့လိုတယ်။ သို့ရာတွင် မိမိတို့ဟာ မိမိတို့ ဒေသမှာ ရေဘေးကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုအပ်တယ်လို့ ယူဆတယ်ဆိုရင် ခွင့်ယူသွားလို့ရပါတယ်။ ထိုနည်းတူစွာပဲ လာမယ့် ရွေးကောက်ပွဲမှာ မိမိတို့က လွှတ်တော်ကိုယ်စားလှယ်သွားရောက်ပြီးတော့ ကိုယ်စားလှယ် လောင်းအဖြစ် စာရင်းတင်သွင်းထားလို့ရှိရင် နေရာတွေမှာ သွားရောက်ဖို့ လိုတယ်ဆိုလို့ရှိရင် ခွင့်ယူသွားလို့ရတယ်။ အဲတော့ ပြန်ပြီးတော့ သုံးသပ်တင်ပြ ရမယ်ဆိုရင် အခုတင်ပြချက် ကြိုဆိုတယ်။ သို့ရာတွင် ဥက္ကဋ္ဌတယောက်အနေနဲ့ နာယက တယောက်အနေနဲ့ မိမိတို့ နိုင်ငံနှင့်နိုင်ငံသား အကျိုးစီးပွားအတွက် ဆောင်ရွက်ရမယ့် ဥပဒေများ၊ ထိုနည်းတူစွာပဲ လွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များ ဦးစားပေးပြီးတော့ အမြန်ဆုံး ပြီးမြောက်အောင် ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း တင်ပြတဲ့တင်ပြချက်၊ တင်ပြသူများနဲ့ ထောက်ခံသူများ၊ လွှတ်တော်ကိုယ်စားလှယ်များကနေတဆင့် တိုင်းပြည်ကို သိပေးတင်ပြ အပ်ပါတယ်။ ”

ခေတ္တရပ်နားခဲ့တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွေကို  မူလက သြဂုတ်လ ၁၀ ရက်မှာ ပြန်စဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် ရေဘေးကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ ညနေပိုင်းပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာလည်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ၄ ကြိမ်တိုင် ပေးပို့ တိုက်တွန်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြုဖို့ ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ကို ရှင်းပြဖို့ရှိနေ ပါတယ်။

ပြည်ထောင်စုလွှတ်တော် အပြီးမှာတော့ လွှတ်တော်ထဲမှာရှိတဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ် တွေနဲ့ ဥပဒေကြမ်းပူးပေါင်းကော်မတီတို့ တွေ့ဆုံညှိနှိုင်းကြဖို့ရှိတယ်လို့ သီပေါအမတ် ဦးရဲထွန်း က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013