DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲရလဒ် အစိုးရ လက်ခံအကောင်အထည် ဖော်ပေးမည်
DVB
·
August 18, 2015
ရွေးကောက်ပွဲရလဒ် အစိုးရ လက်ခံအကောင်အထည် ဖော်ပေးမည်
Donate to DVB

နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်ကိုလည်း လက်ခံ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ၃ လတောင် မလိုတော့တဲ့အချိန်မှာ အာဏာရပါတီအတွင်း မမျှော်လင့်ဘဲ ခေါင်းဆောင်မှု အပြောင်းအလဲ ဖြစ်သွားတာကြောင့် နိုင်ငံရေးအပေါ် ဂယက်ရိုက်မှာကို စိုးရိမ်နေချိန်မှာ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က သြဂုတ် ၁၇ ရက် နေ့စွဲနဲ့ ပထမဆုံး သတင်းထုတ်ပြန်လိုက်တာပါ။

သြဂုတ် ၁၃ ရက်နေ့က ပါတီထိပ်ပိုင်း ခေါင်းဆောင်နေရာကနေ သူရဦးရွှေမန်းကို ဖယ်ရှားအပြီးမှာ သမ္မတ ဦးသိန်းစိန်က ပါတီဝင်တွေနဲ့ မနေ့က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့အပြီးမှာ ဒီသတင်းထုတ်ပြန်ချက် ထွက်ပေါ်လာလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့နဲ့ ဒါဟာ ပါတီတခုမှာ ခေါင်းဆောင်မှု အပြောင်းအလဲသာ ဖြစ်တဲ့အကြောင်းလည်း အစိုးရထုတ်ပြန်ချက်မှာ  ဖော်ပြထားပါတယ်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကိုလည်း အစိုးရအဖွဲ့ အနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့များ၊ မိဘပြည်သူများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း၊ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ရလဒ်အတိုင်း အစိုးရအဖွဲ့ အနေဖြင့် လက်ခံအတည်ပြု၍ တည်ဆဲပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့်အကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013