DVB Logo
Home
မြန်မာသတင်း
ဒိန်းမတ် စီးပွားရေးကောလိပ်တခုနှင့် ပူးပေါင်း၍ ဘွဲ့ကြိုသင်တန်းဖွင့်မည်
DVB
·
August 18, 2015
ဒိန်းမတ် စီးပွားရေးကောလိပ်တခုနှင့် ပူးပေါင်း၍ ဘွဲ့ကြိုသင်တန်းဖွင့်မည်
Donate to DVB

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ဒိန်းမတ်နိုင်ငံ နေးလ် ဘရော်စ် ကိုပင်ဟေဂင် စီးပွားရေးကောလိပ် (Niels Brock Copenhagen Business College) နဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုဘာသာရပ် ဘွဲ့ကြိုသင်တန်းတခုကို လာမယ့် စက်တင်ဘာလလယ်မှာ ဖွင့်လှစ်မယ်လို့ စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာန (လှိုင်နယ်မြေ) က ထုတ်ပြန်ကြေညာပါတယ်။

စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်နိုင်ဦးက “မြန်မာနိုင်ငံမှာရော ကျမတို့ စီးပွားရေး တက္ကသိုလ်အနေနဲ့ပါ ဒါ ပထမဆုံးဖွင့်တဲ့ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ကြိုအတန်း တခုပါ။ အမေရိကန် အသိအမှတ်ပြု ဒီဂရီကို ဒိန်းမတ်နိုင်ငံက ဦးဆောင်ဖွင့်လှစ်တဲ့ အတန်းပါ” လို့ ပြောပါတယ်။

သင်တန်းတက်ရောက်လိုသူတွေ အနေနဲ့ အနည်းဆုံး အထက်တန်းအောင် (သို့) GCE ‘O’ Level အဆင့်ရှိရမှာဖြစ်ပြီး သင်တန်းသားဦးရေ ၅၀ လက်ခံမယ်လို့ ဆိုပါတယ်။

ဒီဘွဲ့ကြိုသင်တန်းကို နေးလ် ဘရော်စ် ကိုပင်ဟေဂင် စီးပွားရေးကောလိပ်ရဲ့ သင်ရိုး ညွှန်းတမ်းတွေနဲ့ သင်ကြားမှာဖြစ်ပြီး နိုင်ငံတကာမှ သင်ကြားမယ့်ဆရာ ၃ ပုံ ၁ ပုံနဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဆရာတွေ ပူးပေါင်းသင်ကြားသွားမှာ ဖြစ်ပါတယ်။

၁ နှစ်ကို ၄ လ Semester ၂ ခု တက်ရောက်ရမှာဖြစ်ပြီး ၁ နှစ်စာ ကျောင်းစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၄၀၀၀ ကျသင့်မယ်လို့ ဆိုပါတယ်။

ဒေါက်တာခင်နိုင်ဦးက “ကျမတို့ ပထမဆုံးအကြိမ်ဖွင့်တာ ဖြစ်တဲ့အတွက်ကြောင့် စိတ်ဝင်စားမှုက ဘယ်လောက်ရှိမယ်ဆိုတာ မသိနိုင်သေးပါဘူး။ ခုချိန်ထိတော့ လာလျှောက်ထားတဲ့သူ ၁၃၀  လောက် ရှိနေပါပြီ။ ကျောင်းစရိတ်ဒေါ်လာ ၄၀၀၀ ဆိုတာကလည်း နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ယှဉ်ရင် တော်တော်နည်းတဲ့  ပမာဏပါ။ နိုင်ငံတကာဒီဂရီကို ကိုယ့်ပြည်တွင်းမှာ အိုးမကွာအိမ်မကွာ တက်လို့ရမယ်။ နိုင်ငံခြားက ဒီဂရီကို ရမှာ ဖြစ်တယ်။ ဒီကပြီးရင် အမေရိကန်နဲ့ ဒိန်းမတ်နိုင်ငံတွေမှာ မဟာဘွဲ့ကို ဆက်တက်လို့ရမယ့် အခွင့်အရေးတွေ ရှိပါတယ်” လို့ ပြောပါတယ်။

ဒိန်းမတ်နိုင်ငံမြို့တော် ကိုပင်ဟေဂင်မှာရှိတဲ့ နေးလ် ဘရော်စ် ကိုပင်ဟေဂင် စီးပွားရေးကောလိပ်မှာ American B.Sc. in Business Administration အတန်းကို တက်မယ်ဆိုရင်တော့ ကျူရှင်လခ ၁ နှစ်စာ ယူရို ၁၀၁၀၀၊ စာအုပ်စာတမ်းကြေး ၁ နှစ်စာ ၁၀၀၀ နဲ့ နေထိုင်စရိတ်တွေ အပါအ၀င် စုစုပေါင်းယူရို ၂၀၀၀၀ ကျော်ကုန်ကျမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ စီးပွားရေးစီမံခန့်ခွဲမှုပညာဘွဲ့ (Bachelor of Business Administration) သင်တန်းနဲ့ အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်မှာတော့ (Bachelor of Business Management) ၂ ခုကို ဖွင့်လှစ်သင်ကြားနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013