DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း ပင်လယ်ကမ်းခြေတွင် မြန်မာအမျိုးသမီးအလောင်း တွေ့ရှိ
DVB
·
August 17, 2015
ထိုင်းတောင်ပိုင်း ပင်လယ်ကမ်းခြေတွင် မြန်မာအမျိုးသမီးအလောင်း တွေ့ရှိ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကစ်ခရိုင် ပင်လယ်ကမ်းခြေတခုမှာ မြန်မာအမျိုးသမီးတဦး အလောင်းတလောင်းတွေ့ရှိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့က ဖူးကစ်ခရိုင် ကထုမြို့နယ် ပါတောင်းရပ်ကွက်ထဲမှာရှိတဲ့ ပါတောင်း ကမ်းစပ်မှာ မသီတာအမည်ရှိ အသက် ၃၈ နှစ်ရွယ် မြန်မာအလုပ်သမား အမျိုးသမီး အလောင်းတလောင်းကို တွေ့ရှိတယ်လို့ ကထုမြို့နယ်ရဲစခန်းက တာဝန်ကျ ဒုရဲမှူး ပထုဖီးဆီရိချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

ပါတောင်းကမ်းစပ်မှာ ပင်လယ်ထဲကနေ လှိုင်းပုတ်ပြီး မျောလာတဲ့ လူသေအလောင်းကို ရွာသားတွေက တွေ့ရှိပြီး ရဲစခန်းကို အကြောင်းကြားတဲ့အတွက် ပါတောင်းဆေးရုံက ဆရာဝန်တွေနဲ့ အတူ သွားရောက်စစ်ဆေးရာမှာ ကမ်းစပ်အနီး ပက်လက်အနေအထားနဲ့ သေဆုံးနေတဲ့ မသီတာကို တွေ့ရတာလို့ ဆိုပါတယ်။

သူမဟာ အပြာရောင်အင်္ကျီ၊ အညိုရောင်ဘောင်းဘီတို ၀တ်ဆင်ထားပြီး ပခုံးမှာ အညိုရောင်စလင်းဘက် လွယ်ထားကြောင်း၊ အိတ်ထဲမှာ ပတ်စပို့စာအုပ်နဲ့ ငွေသားအနည်းငယ် ရှိကြာင်း၊ သူဟာ လွန်ခဲ့တဲ့ တစ်နာရီလောက်ကမှ သေဆုံးခဲ့ဟန်ရှိပြီး ခန္ဓာကိုယ်မှာ ဘာ ဒဏ်ရာဒဏ်ချက်မှ မရှိဘူးလို့ ဆရာဝန်က ပြောပါတယ်။

ဆွေမျိုးနီးစပ်သူတဦးက ရဲဝန်ထမ်းကို ပြောပြချက်အရ သူမဟာ ဒီမတိုင်ခင်က သူ့မှာ အကြွေးဆပ်စရာတွေများနေလို့ စိတ်ညစ်တယ်လို့ ညည်းတွားခဲ့ကြောင်း၊ အဲဒီနောက် ပျောက်ဆုံးသွားပြီးမှာ ကမ်းစပ်မှာ အလောင်းအနေနဲ့ ပြန်တွေ့တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ သူမသေဆုံးရတာနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းစစ်ဆေးသွား မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013