DVB Logo
Home
မြန်မာသတင်း
အမေရိကန် သံအမတ်ကြီးနှင့် ဦးကိုကိုကြီး တွေ့ဆုံ
DVB
·
August 17, 2015
အမေရိကန် သံအမတ်ကြီးနှင့် ဦးကိုကိုကြီး တွေ့ဆုံ
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်နဲ့ အမေရိကန်သံရုံး နိုင်ငံရေးဆိုင်ရာ အရာရှိ Mr.David Galbraith တို့ဟာ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ဦးကိုကိုကြီးတို့ ဒီနေ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စ၊ ၂၀၁၅ ရွေးကောက်ပွဲကိစ္စများကို ဆွေးနွေးကြတယ်လို့ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) က ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုဟာ လွန်ခဲ့တဲ့ရက်ပိုင်းက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဝင်၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်နာယက သူရဦးရွှေမန်းကို လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်းနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ဥက္ကဋ္ဌတာဝန်ကရော၊ ဒုဥက္ကဋ္ဌတာဝန်ကရော ဖယ်ရှားခဲ့ပြီးတဲ့နောက် ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိလာလေမလားလို့ စိုးရိမ်မှုတွေ ပေါ်ပေါက်ချိန်မှာ တွေဆုံခဲ့ကြတာ ဖြစ်ပါတယ်။

၈၈ မျိုးဆက်(ငြိမ်း/ပွင့်)က ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။

ဒီတွေ့ဆုံပွဲမှာ   လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ ရေဘေးသင့်ဒေသတွေရဲ့ အခြေအနေနဲ့ ၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ  လုပ်ဆောင်နေမှုအခြေအနေတွေကိုလည်း သံအမတ်ကြီးက မေးမြန်းဆွေးနွေး ခဲ့ပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီရေးလုပ်ဆောင်နေတဲ့ ၈၈မျိုးဆက်(ငြိမ်း/ပွင့်) အဖွဲ့ကို  ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က လွန်ခဲ့တဲ့ သီတင်းပတ်က ကျပ်ငွေ သိန်း ၂ ထောင် လှူဒါန်းခဲ့ပါတယ်။

ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးနဲ ဦးဂျင်မီတို့ဟာ သြဂုတ် ၁၄ ရက်နေ့က ရရခိုင်ပြည်နယ် ရေဘေးသင့်ပြည်သူတွေအတွက် ဆန်အိတ် ၁၀၀၀ ကို သွားရောက်လှူဒါန်းသလို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းနဲ့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ ဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်ရေဘေးအတွက် လတ်တလောဆန်နှင့်သောက်ရေသန့်အပြင် သောက်သုံးရေကန် တွေ ပြန်လည်သန့်စင်ရေး၊ သြဂုတ်လမကုန်မီသက်ငယ်မျိုးစပါးတွေ အချိန်မီရရှိနိုင်ရေး၊ ကျွဲနွားတိရိစ္ဆာန် အစားအစာတွေ ရရှိနိုင်ရေးတို့ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ အကြောင်းကြား တင်ပြခဲ့ပါတယ်။

သြဂုတ်လ ၁၃ ရက်နေ့ကလည်း အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်နိုင်ငံခြား ဆက်ဆံရေး ကော်မတီ Senior Adviser and Counselor Mr. Michael Schiffer နှင့် အောက်လွှတ်တော်နိုင်ငံခြားရေးရာ ကော်မတီ (Staff Director of Asia and Pacific Sub Committee ) Mrs. Amy Changတို့ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ဦးတို့ဟာ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) ရုံးမှာ  ဦးကိုကိုကြီး၊ ဦးဂျင်မီ၊ ဦးဇော်မင်းတို့နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013