DVB Logo
Home
နိုင်ငံရေး
ကေအိုင်အေနှင့် အစိုးရတပ် တိုက်ပွဲဆက်လက်ဖြစ်ပွား
DVB
·
June 15, 2011
Donate to DVB

အစိုး​ရတပ်နဲ့​ ​ကေအိုင်အိုအကြား​ တိုက်ပွဲကြီး​တွေ မ​နေ့​ည​နေကစလို့​ ရပ်စဲ​နေ​ပေမယ့်​ တိုက်ပွဲငယ်​တွေ ကြိုကြား​ဆက်လက်ဖြစ်ပွား​ပါတယ်။ နှစ်ဘက်အကြား​ တိုက်ပွဲငယ်​တွေဟာ ရှမ်း​ပြည်နယ်​မြောက်ပိုင်း​ဘက်မှာပါ ကူး​စက်​နေပါတယ်။

ကချင်​ကျေး​ရွာ​တွေက ဒုက္ခသည်​တွေ တရုတ်-မြန်မာနယ်စပ်ဘက်ကို ထွက်​ပြေး​ တိမ်း​ရှောင်လာ​နေကြပြီး​ လိုင်ဇာ ​ကေအိုင်အိုဌာနချုပ်ကို မ​နေ့​က ​လေး​ရာနီး​ပါး​ ​ရောက်​နေကြသလို လမ်း​တ​လျှောက်မှာလည်း​ ဒုက္ခသည်​ထောင်ချီပြီး​ နယ်စပ်ကို ထွက်လာ​နေကြတယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။ အစိုး​ရတပ်​တွေဘက်က ရွာသား​တွေကို နယ်စပ်ကို မသွား​ဖို့​ ခြိမ်း​ခြောက် ​ပြောဆိုတာ​တွေ ရှိတယ်လို့​ ​ကေအိုင်အိုတာဝန်ရှိသူ​တွေက ​ပြောပါတယ်။

ဒီအ​ကြောင်း​ ​ကေအိုင်အို သတင်း​ထုတ်ပြန်​ရေး​ကော်မတီက ဒု-ဗိုလ်မှူး​ကြီး​ ​ယော်ထုံကို ​မေး​မြန်း​ထား​ပါတယ်။

ကေအိုင်အိုနဲ့​ အစိုး​ရကြား​ တိုက်ပွဲ​နောက်ဆုံး​အ​ခြေအ​နေကို ​ပြောပြပါလား​ခင်ဗျ။

“​လော​လောဆယ် ငြိမ်​နေတယ်။ မ​နေ့​ည​နေကတည်း​က ငြိမ်​နေတယ်။ ဒါ​ပေမယ့်​ ​ချောင်ကြို​ချောင်ကြား​မှာ​တော့​ ရှိတာ​ပေါ့​။ မ​ပြောပ​လောက်ပါဘူး​။”

အခုတိုက်ပွဲ​တွေက ပြန်ရပ်တယ်ဆိုတာ ​ကေအိုင်အိုနဲ့​ ​မြောက်ပိုင်း​တိုင်း​ စစ်ဌာနချုပ် ဒါမှမဟုတ် နိုင်ငံ​တော်အစိုး​ရနဲ့​ သ​ဘောတူပြီး​တော့​ ရပ်တာလား​။ တဖက်သတ်ရပ်တာလား​။ ဘယ်သူ့​ဘက်က စရပ်တာလဲ။

“ဘယ်သူမှမရပ်ဘူး​။ နှစ်ဖက်စလုံး​က အပစ်အခတ် မလုပ်ဘဲနဲ့​ ​နေတဲ့​ သ​ဘောပါပဲ။”

တိုက်ပွဲ​တွေက ​ရွှေလီဘက်ကိုပါ ကူး​စက်တယ်လို့​ကြား​တယ်။

“​ရွှေလီ၊​ နမ့်​ခမ်း​ကိုသွား​တဲ့​လမ်း​လေ။ မန်ဝိုင်း​မှာ နည်း​နည်း​ ဖြစ်တယ်လို့​ ကြား​တယ်။ မပြင်း​ထန်ဘူး​ ခဏပဲ ပြီး​သွား​တာ။”

ကေအိုင်အိုတပ်နဲ့​ အစိုး​ရတပ်နဲ့​ ဖြစ်တာက တရုတ်နိုင်ငံက ​ရေကာတာ ​ဆောက်လုပ်​ရေး​ ​ဒေသ​တွေမှာ ​ကေအိုင်အိုတပ်​တွေကို အစိုး​ရဘက်က​နေ ရှိမ​နေ​စေချင်ဘူး​ဆိုပြီး​တော့​ ​ဝေဖန်တယ်။ ဗိုလ်မှူး​ကြီး​တို့​က ဘာ​ပြောချင်လဲ။ ဒီဟာဖြစ်နိုင်​ခြေရှိလား​။

“သူတို့​ရဲ့​ အဓိကရည်ရွယ်ချက်က ဘာလဲဆိုတာ အတိအကျ ​ပြောလို့​ မဖြစ်နိုင်ဘူး​။ ဘာ​ကြောင့်​လဲဆို​တော့​ သူတို့​ပြောသလို ဘယ်​တော့​မှ ဖြစ်မလာဘူး​။ အမြဲတမ်း​ ကျ​နော်တို့​ ဘာသာ​နေ​နေတယ်။ ဒါ​ကြောင့်​ အဓိက ရည်ရွယ်ချက်က ဘာလဲ၊​ ကျ​နော်တို့​မသိဘူး​။ ​ရေအား​ လျှပ်စစ်ကို အ​ကြောင်း​ပြပြီး​မှ ကျ​နော်တို့​ကို သူတို့​ လိုချင်တဲ့​ပုံစံရ​အောင် လုပ်တဲ့​သ​ဘောပဲ။ ကျ​နော်တို့​ သုံး​သပ်တာကျ​တော့​ အဲဒီတာပိန်​ရေအား​လျှပ်စစ်ထဲမှာ သူတို့​လာတိုက်တယ်။ လာတိုက်ပြီး​မှ ကျ​နော်တို့​ ဘက်က အခက်ကြုံလာလို့​ရှိရင် တခြား​အား​နည်း​တဲ့​နေရာမှာ သူတို့​အဲလိုလုပ်ဖို့​ အလား​အလာ ရှိသလိုပါပဲ။ ကျ​နော်တို့​ သုံး​သပ်ကြည့်​တာ​တော့​။”

သမ္မတဦး​သိန်း​စိန် အရင်တုန်း​က အစိုး​ရအဖြစ် အ​ရွေး​မခံရခင်တုန်း​က ​ကေအိုင်အိုကို အပြတ်ရှင်း​မယ်ဆိုပြီး​တော့​ ​ပြောကြား​တယ်ဆိုတဲ့​အချက်​တွေ ကျ​နော်တို့​ ကြား​ရတယ်။

“အဲဒါအ​ကောင်အထည်​ဖော်သလား​လို့​ ကျ​နော်တို့​လည်း​ နည်း​နည်း​တော့​ ထင်တာ​ပေါ့​။ ဒါ​ပေမယ့်​ အဲဒီဟာကို အ​ကောင်အထည် ​ဖော်မယ်ဆိုရင်​တော့​ ခုလို တ​နေရာ၊​ နှစ်​နေရာ​လောက်နဲ့​တော့​ အလုပ်မဖြစ်ဘူး​။ အဲဒါ​ကြောင့်​ သူတို့​အဓိက ရည်ရွယ်ချက်က ဘာလဲဆိုတာ အခုထက်ထိက မသိရ​သေး​ဘူး​။”

ကာကွယ်​ရေး​ဦး​စီး​ချုပ်အသစ် မင်း​အောင်လှိုင်တက်လာ​တော့​ သူကလည်း​ တိုက်ရည်ခိုက်ရည် ရှိတာကို ပြချင်တဲ့​အတွက် ​ကေအိုင်အို ဒုတိယ အင်အား​အ​ကောင်း​ဆုံး​ကို တိုက်တာလို့​ ​ဝေဖန်တာရှိတယ်။ ဒီအ​ပေါ်မှာ​ကော ဘယ်လိုထင်လဲ။

“ဒါက​တော့​ ကျ​နော်တို့​မ​ပြောတတ်ဘူး​။ သူတို့​က ကျ​နော်တို့​ကို တိုက်ချင်​နေတာ ​တော်​တော်ကြာပြီ ထင်တယ်။”

ကေအိုင်အိုနဲ့​ အစိုး​ရကြား​ တိုက်ပွဲ​တွေမှာ တိုက်ပွဲဆက်တိုက်​ရေး​ မတိုက်​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ ​နေပြည်​တော်မှာ အယူအဆမတူတာ​တွေ ဖြစ်တယ်လို့​ ကျ​နော်တို့​ ကြား​သိ​နေရတယ်။ အဲဒါဘယ်​လောက်ထိ မှန်တယ်လို့​ ဗိုလ်မှူး​တို့​ကော ကြား​ထား​လဲ။

“ဘယ်​လောက်မှန်တယ်ဆိုတာ အတိအကျ​တော့​ မ​ပြောတတ်ဘူး​။ နည်း​နည်း​ပါး​ပါး​တော့​ ကြား​တယ်။”

တိုက်ပွဲဖြစ်တာ ​လေး​ငါး​ရက်ရှိပြီဆို​တော့​ စစ်​ပြေး​ဒုက္ခသည်​တွေ အ​ခြေအ​နေက ဘယ်လိုရှိလဲ။

“စစ်​ပြေး​ဒုက္ခသည်​တွေက ဗန်း​မော်နား​ တဝိုက်မှာရှိတဲ့​ ပြည်သူပြည်သား​တွေအကုန်လုံး​ လိုင်ဇာဘက်မှာ မနက်ကတည်း​က အခုထက်ထိ လာ​နေတုန်း​ပဲ။ မနက်စစချင်း​တုန်း​က ၁၀၀ ​တောင်မပြည့်​ဘူး​။ ဒါ​ပေမယ့်​ မ​နေ့​ညကဆိုရင် သုံး​လေး​ရာဖြစ်လာပြီ။ ဒီ​နေ့​တော့​ ​ထောင်နဲ့​ချီပြီး​ ရှိလာမယ်ထင်တယ်။”

ဘယ်​နေရာ​တွေက အဓိကထား​ပြေး​လာတာရှိလဲ။

“အဓိကနယ်စပ်မှာ စုပြုံ​နေကြတယ်။ လိုင်ဇာတဝိုက်မှာ​ပေါ့​။ ကျ​နော်တို့​ တရုတ်ပြည်ဖက် ဝင်သွား​တာလည်း​ နည်း​နည်း​ပါး​ပါး​ရှိတယ်။ ဒါ​ပေမယ့်​ ဒီလိုင်ဇာမှာက ကျ​နော်တို့​ နည်း​နည်း​ပဲ ဖြစ်​သေး​တယ်။ အဲဒါ​ကြောင့်​ ဒီမှာပဲ လာ​နေကြတယ်။ ကား​လမ်း​တ​လျှောက်က ရွာ​တွေက တ​ယောက်နှစ်​ယောက်ပဲ ရှိ​တော့​တယ်။ အကုန်လုံး​ ဒီမှာတက်​ပြေး​လာကြပြီ။ ဘာလို့​လဲဆို​တော့​ စစ်တပ်ရှိတဲ့​နေရာကျ​တော့​ သူတို့​က ပြည်သူ​တွေကိုလည်း​ မထွက်ခိုင်း​ဘူး​။ ထွက်​ပြေး​ရင် ကျ​နော်တို့​ပစ်သတ်မယ်။ ရွာကိုလည်း​ မီး​ရှို့​ပစ်မယ်လို့​ ​ပြောတယ်တဲ့​။”

အဲ​တော့​ တရုတ်ပြည်အစိုး​ရက ဒုက္ခသည်​တွေကို လူသား​ချင်း​စာနာတဲ့​အကူအညီ​တွေ တရုတ်ပြည်ထဲမှာ ဒုက္ခသည်စခန်း​တွေ ​ဆောက်​ပေး​တာ ရှိသလား​။

“အခုထက်ထိ​တော့​ တရုတ်ပြည်နယ်စပ်ကို သွား​တဲ့​သူ​တွေအ​နေနဲ့​ ကိုယ့်​ခင်ရာခင်ရာ​ပေါ့​။ ဟိုဘက်လည်း​ ​ဆွေမျိုး​ရှိတာကို။ အလုံး​အရင်း​နဲ့​ ဟိုဘက်သွား​တာမဟုတ်​သေး​ဘူး​။ အဲဒီလူအများ​စုက လိုင်ဇာမှာပဲ ​ရောက်​နေကြတယ်။”

ဗိုလ်မှူး​ကြီး​တို့​က ဒုက္ခသည်​တွေကို ဘယ်လိုမျိုး​ ကူညီ​စောင့်​ရှောက်​နေလဲ။

“ကျ​နော်တို့​အ​နေနဲ့​ စား​ရေး​သောက်​ရေး​၊​ ​နေထိုင်​ရေး​တွေ ကျ​နော်တို့​စီမှာ စီစဉ်​ပေး​ထား​တယ်။”

ဗိုလ်မှူး​တို့​စီကို လူသား​ချင်း​စာနာတဲ့​ နိုင်ငံတကာ အန်ဂျီအို​တွေ​ကော လာပြီး​တော့​ ဒုက္ခသည်များ​ဆိုင်ရာ မဟာမင်း​ကြီး​ရုံး​က လူ​တွေ​ကော လာကြည့်​တာရှိပြီလား​။

“အခု​တော့​ ဘယ်သူမှမလာ​သေး​ဘူး​။”

ဒီ​နေ့​မနက် ​လေး​နာရီ ငါး​ဆယ့်​ငါး​မှာ မိုး​ကောင်း​၊​ နမ္မတီး​ကြား​၊​ ရထား​ကူး​တံတား​ ဗုံး​ကွဲတယ်တဲ့​။ အဲဒါ​ကော အန်ကယ်တို့​ ကြား​ပြီး​ပြီလား​။

“ကြား​တော့​ကြား​တယ်။ ဘယ်သူလုပ်တယ်ဆိုတာ အခုထက်ထိ သတင်း​မရ​သေး​ဘူး​။”

မ​နေ့​ညက ၇ နာရီမှာ ဝိုင်း​မော်ဘက်က တံတား​မှာ ဗုံး​ကွဲတယ်၊​ အဲဒါ​ကော။

“အဲဒါ​တော့​ နန့်​ချောင်း​တံတား​မှာ ဗုံး​ကွဲတာရှိတယ်။ ​ကေအိုင်​အေ စစ်သား​တွေ​ကြောင့်​တော့​ မဖြစ်နိုင်ဘူး​။ ဒါ​ပေမယ့်​ အဲဒီ​ဒေသခံ​တွေပဲ ဖြစ်နိုင်တယ်။”

အခုနယ်စပ်မှာ တရုတ်တပ်​တွေ ​နေရာချထား​တယ်ကြား​လို့​။

“တရုတ်တပ်ချထား​တာ​တော့​ မ​တွေ့​ဘူး​။ အဲဒီတရုတ်နယ်ခြား​စောင့်​တပ်နဲ့​ ရဲနဲ့​ သူတို့​က​တော့​ အမြဲတန်း​ရှိတယ်​လေ။ သူတို့​ဟိုဘက်က ထူး​ခြား​ချက်​တော့​ မရှိဘူး​။ ခါတိုင်း​တော့​ နယ်ခြား​ဖြတ်လက်မှတ်​ပေါ့​။ အဲဒါ​တွေမပါရင်​တော့​ လုံး​ဝဖြတ်ခွင့်​မရှိဘူး​။ ဒါ​ပေမယ့်​ အခု​လော​လောဆယ်​တော့​ ကျ​နော်တို့​ လူကြီး​တွေနဲ့​ ​ဆွေး​နွေး​ထား​တော့​ မပါရင်လည်း​ ဟိုဘက်ဖြတ်ခွင့်​ပေး​လိုက်တာ​ပေါ့​။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013