DVB Logo
Home
မြန်မာသတင်း
ဟင်္သာတလယ်သမားများ လယ်ယာမြေလျှော်ကြေးရရှိရေး ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
August 17, 2015
ဟင်္သာတလယ်သမားများ  လယ်ယာမြေလျှော်ကြေးရရှိရေး ဆန္ဒပြ (ဓာတ်ပုံ)
1 / 9
Donate to DVB

ဟင်္သာတမြို့တွင် မြို့ကွင်းမြစ်ရေတင်စီမံကိန်းကြောင့် လယ်မြေဧကပေါင်း (၅၆၆)ဧက ကျော် နစ်နာဆုံးရှုံး၍ လယ်ယာမြေဥပဒေနှင့်အညီ လျှော်ကြေးရရှိရေးအတွက် သြဂုတ် ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဒေသခံတောင်သူ နှစ်ရာနီးပါးက တရားဝင် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ရာတွင် မြို့ကွင်း မြစ်ရေတင်စီမံကိန်းကြောင့် နစ်နာမှုများအား မြေယာ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရေး၊ မြေယာဥပဒေနှင့်အညီ သတ်မှတ်တဲ့ သီးနှံလျော်ကြေး ရရှိရေး၊ သိမ်းဆည်းခံလယ်မြေများ ပြည်သူများ နစ်နာမှုမရှိစေရန် အချိန်မီ အကောင်အထည်ဖော် ဆောင်ရွက်မပေးသည့် တာဝန်ရှိသူများအား ဥပဒေနှင့်အညီ အရေးယူပေးရေး အချက်(၃)ချက်ကို ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။

မြို့ကွင်း မြစ်ရေတင်စီမံကိန်းသည် ငဝန်မြစ်မှ ရေကို စုပ်ယူ၍ စိုက်ပျိုးမြေဧက (၉ဝဝဝ)အား ရေပေးဝေရန် ၂ဝဝ၃ ခုနှစ်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စီမံကိန်းဖြစ်ပြီး ၂ဝ၁၄ ခုနှစ် စက်တင်ဘာလက ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ အုပ်စုမှ တောင်သူ (၆ဝ၅)ဦး ၏ ဆုံးရှုံးခဲ့ရသော လယ်မြေ(၅၆၆.၈၃ ဧက)အတွက် သီးနှံနှင့် မြေယာလျော်ကြေး အဖြစ် ကျပ်သိန်းပေါင်း (၁၂၂၂၇.၅၈) အား ပေးလျော်နိုင်ရန် အထက်အဆင့်ဌာနများသို့ တင်ပြထားပြီးဖြစ်ကြောင်း၊ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလက မြစ်ရေတင်စီမံကိန်းရှိ အသုံးမပြုသော လယ်မြေဧက (၂.၁ဝ ဧက)အား ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနမှ တောင်သူ(၃)ဦးထံ ပြန်လည်ပေးအပ်ခဲ့ပြီးပါကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြို့ကွင်း မြစ်ရေတင်စီမံကိန်းကြောင့် လယ်ယာမြေဆုံးရှုံးခဲ့သော တောင်သူများမှ အကူအညီ တောင်းခံ၍ ဟင်္သာတမြို့ရှိ လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့မှ ဝန်းရံကူညီမှုများရှိခဲ့ပြီး ဒေသခံတောင်သူများ နစ်နာမှုများရှိနေသဖြင့် ဥပဒေဘောင်အတွင်းမှ ဆက်လက်အကူအညီ ပေးသွားမှာ ဖြစ်ပါတယ်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းအတွက် ခွင့်ပြုချက်အမှတ်စဉ် (၁ဝ/၂ဝ၁၅) ဖြင့် ဦးပါရဲဘုရားမုခ်ဦးရှေ့မှ နံနက် ၁၁ နာရီတွင် စတင်ကာ ဗိုလ်ချုပ်လမ်း၊ တရုတ်ကျောင်းလမ်း၊ အားကာလမ်း၊ ရွှေစေတီလမ်းတို့သို့ စီတန်းလှည့်လည်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဟောပြောမှုများ ပြုလုပ်၍ နေ့လယ် ၁၂ နာရီခွဲတွင် ပြီးဆုံးခဲ့ပါတယ်။

သတင်း - ပြည့်ဖြိုး (iCJ)

ဓာတ်ပုံ - သန်းထိုက်မြင့် (Hrdp)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013