DVB Logo
Home
မြန်မာသတင်း
ထိုင်းကြက်ခြေနီအဖွဲ့မှ မြန်မာ့ရေဘေးအတွက် ထောက်ပံ့ကူညီ
DVB
·
August 17, 2015
ထိုင်းကြက်ခြေနီအဖွဲ့မှ မြန်မာ့ရေဘေးအတွက် ထောက်ပံ့ကူညီ
Donate to DVB

ထိုင်းတော်ဝင်မိသားစုနဲ့ ထိုင်းအစိုးရ၊ ထိုင်းစစ်တပ်တို့က မြန်မာ့ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေနဲ့ ပစ္စည်းတွေ ထောက်ပံ့ကူညီခဲ့ကြသလို ထိုင်းနိုင်ငံ ကြက်ခြေနီအသင်းနဲ့ ထိုင်းစေတနာရှင်ဖောင်ဒေးရှင်းအဖွဲ့ကလည်း နောက်ထပ် အသုံးအဆောင်နဲ့ ဆေးဝါးတွေ ထပ်မံလှူဒါန်းခဲ့ပါတယ်။

မြန်မာ့ရေဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ကူညီပစ္စည်းများ ပေးအပ်တဲ့ အခမ်းအနားကို သြဂုတ်လ ၁၆ ရက်နေ့က တာ့ခရိုင် မဲဆောက်မြို့နယ်ရှိ အထူး စီးပွားရေးဇုန်နယ်မြေထဲမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီထောက်ပံ့ပစ္စည်းတွေထဲမှာ ရွက်ဖျဉ်တဲ အစုံပေါင်း ၁၀၀၀၊ လက်နှိပ်ဓာတ်မီး ၁၀၀၀၊ စောင်အထည် ၁၀၀၀၊ အိပ်ယာခင်း ၁၀၀၀၊ အရေးပေါ်အိမ်သုံးဆေး ၆ မျိုးပါ အိတ်ပေါင်း ၅၀၀၀၊ ဖျာလိပ် ၈၄၀၀၊ မိုးကာအလိပ်ပေါင်း ၅၀၀၊ အ၀တ်အထည်အစုံပေါင်း ၁၅၀၀ ပါဝင်ပြီး တာ့ခ်ခရိုင်ဝန် နိုင်းဆုမ်ချိုင်း ဟတ်ထယတုန့် က မြန်မာဘက်ခြမ်း တာဝန်ရှိသူတွေရဲ့ လက်ထဲကို ပေးအပ်ခဲ့ပါတယ်။

မြန်မာဘက်က တာဝန်ရှိသူတွေကလည်း ထိုင်းအစိုးရ၊ ထိုင်းတော်ဝင်မိသားစုနဲ့ ထိုင်းပြည်သူ ပြည်သားများရဲ့ မြန်မာရေဘေး သင့်ပြည်သူတွေပေါ် ထားရှိတဲ့ စေတနာတွေပေါ် အလေးအနက်ကျေးဇူးတင် ၀မ်းမြောက်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013