DVB Logo
Home
မြန်မာသတင်း
ဒေါ်စုစုနွေးကို အလုပ်နှင့် ထောင်ဒဏ် ၁၅ ရက်ချမှတ်၊ ချုပ်ရက်ဖြင့် ပြန်လွတ်
DVB
·
August 17, 2015
ဒေါ်စုစုနွေးကို အလုပ်နှင့် ထောင်ဒဏ် ၁၅ ရက်ချမှတ်၊ ချုပ်ရက်ဖြင့် ပြန်လွတ်
Donate to DVB

ပဲခူးတိုင်း အင်းတကော်ရှိ တပ်မတော် ဗိုလ်ကြီးတဦးက လယ်သမားအရေး ဆောင်ရွက်သူ ဒေါ်စုစုနွေးကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတဲ့အမှု ပဲခူးမြို့နယ်တရားရုံးမှာ ဒီကနေ့ အပြီးသတ် အမိန့်ချမှတ် လိုက်ပါတယ်။

ဒေါ်စုစုနွေးကို ဒီကနေ့ ပဲခူးမြို့နယ်တရားရုံးမှာပဲ အလုပ်နဲ့ ထောင်ဒဏ် ၁၅ ရက်ချမှတ်လိုက်တာဖြစ်ပြီး သူ့ချုပ်ရက်တွေ ထုတ်နုတ်ခံစားစေတဲ့အတွက် ပြန်လွှတ်ပေး လိုက်တယ်လို့ ဒေါ်စုစုနွေးရဲ့ရှေ့နေ ဦးကျော်စွာထွန်းက ပြောပါတယ်။

“အမိန့်က ဘယ်လိုချလဲဆိုတော့ ထောင်ဒဏ်ချလိုက်တယ်။ ၁၅ ရက်။ ၁၅ ရက်ချမှတ်တဲ့အထဲမှာ သူက ချုပ်ရက်က ၂၁ ရက်ရှိတယ်။ ဆိုတော့ သူက ချုပ်ရက်ကို ထုတ်နုတ်ခံစားစေဆိုပြီးတော့ အဲမှာ ချုပ်ရက်နဲ့တင် ပြတ်သွားတယ်ခင်ဗျာ။ အခုပဲ လွတ်လာပါတယ်။”

ဒေါ်စုစုနွေးဟာ စတင်ဖမ်းဆီးခံကတည်းက အာမခံမယူတဲ့အတွက် ချုပ်ရက်တွေကို ထုတ်နုတ်ခံ စားခွင့်ပေးတာလို့ လည်း ဦးကျော်စွာထွန်းက ပြောပါတယ်။

ပဲခူးတိုင်း၊ အမှတ် (၁) ခဲယမ်းမီးကျောက်တပ်မှ ဗိုလ်ကြီးဟိန်းဇော်က တရားလိုပြုပြီး မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးအပေါ် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုတဲ့ အမှုကို ဇူလိုင်လ ၂၉ ရက်နေ့မှာ စတင်ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒီကနေ့ အမိန့်ချလိုက်တာဖြစ်ပါတယ်။

ဒီလို အမိန့်ချမှတ်တဲ့ပေါ်ဒေါ်စုစုနွေးက “ကျေနပ်မှုမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သိမ်းဆည်းခံ လယ်သမားတွေဘက်ကနေပြီးတော့ ၂၀၁၂ လယ်ယာမြေဥပဒေနဲ့အညီ တွေ့ဆုံဆွေးနွေးရေးအဆင့်ကနေ အောင်မြင်ဖို့ ကျမတို့က ကြိုးစားဆောင်ရွက်တာ။ ဒါကို စစ်တပ်ဖက်ကနေပြီးတော့ ကျမတို့တွေ့ဆုံဆွေးနွေးမှုကို လက်မခံ ဘဲနဲ့ ကျမကို ၄၄၇ နဲ့ ရာဇ၀တ်မှုမြောက်အောင်ပေါ့နော်။ ကျမကို ရဲတွေဘက်ကနေပြီးတော့ သမ္မန်စာထုတ်မပေးဘဲနဲ့ အမှုဆင်ဖမ်းပြီးတော့ တရားရုံးမှာ ရင်ဆိုင်ရတယ်။ တလနီးပါးမှာ ကျမကို အလုပ်နဲ့ထောင်ဒဏ် ၁၅ ရက်ချတယ်ဆိုတာ ဒါကျမတို့ဖက်က လက်ခံနိုင်စရာ အကြောင်းလဲမရှိဘူး။ ကျေနပ်စရာအကြောင်းလည်းမရှိဘူးပေါ့။ အမှန်တရားအတွက်ကို တရားဥပဒေ စိုးမိုးမှုအောက်နေပြီး ဆောင်ရွက်လိုက်တာ မဟုတ်ဘူးလို့ ကျမ ပြောချင်ပါတယ်။”လို့ ပြန်လွတ် လာပြီးနောက် ဒီဗွီဘီကိုပြောပါတယ်။

အင်းတကော်မြို့နယ်၊ (အရင်) ပင်မလက်နက်ခဲယမ်းမီးကျောက်တပ်၊ (အခု) အမှတ် (၁) လက်နက်ခဲယမ်းမီးကျောက်တပ်က သာယာကုန်းကျေးရွာအုပ်စုဝင်ရွာတွေက လယ်ယာခြံ မြေနဲ့ ဧက ၅၈၀၀ ကျော်ကို ၁၉၉၃ ခုနှစ်မှာ တပ်ပိုင်အဖြစ်သိမ်းပြီး မူလပိုင်ရှင်တွေကို တဧက ၁၀ တင်းနှုန်းနဲ့ သီးစားပြန်ချခဲ့ပါတယ်။

လယ်သမားတွေက သူတို့လယ်မြေသူတို့ ပြန်ရလိုတဲ့ ကြိုးစားမှုမှာ မနှစ်နှစ်လယ်ပိုင်း မှာ လယ်သမားနဲ့ တပ်အကြား ပဋိပက္ခ ဖြစ်မယ့် အခြေအနေကို ဒေါ်စုစုနွေးက ကြားဝင်ဖြေရှင်းရာက အစပြုပြီး ဗိုလ်ကြီးဟိန်းဇော်က ပိုင်နက်ကျူးလွန်တယ်ဆိုပြီး တရားစွဲတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ညောင်လေးပင်မြို့ကနေအပြန် ဒေါ်စုစုနွေးကို ခရီးသည်တင်ကားပေါ်ကနေ ခေါ်ဆောင်ဖမ်းဆီးတရားစွဲဆိုပြီး ပဲခူးထောင်မှာ ချုပ်နှောင်ထားခဲ့ပြီး အမှုရင်ဆိုင်ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013