DVB Logo
Home
မြန်မာသတင်း
မြန်မာ့အမျိုးသားလေကြောင်းလိုင်း ပထမဆုံးနိုင်ငံတကာခရီးစဉ်အဖြစ် စင်ကာပူသို့ ပြေးဆွဲ
DVB
·
August 17, 2015
မြန်မာ့အမျိုးသားလေကြောင်းလိုင်း ပထမဆုံးနိုင်ငံတကာခရီးစဉ်အဖြစ် စင်ကာပူသို့ ပြေးဆွဲ
Donate to DVB

မြန်မာနိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines)ဟာ သြဂုတ် ၁၇ ရက် ဒီနေ့မှာတော့ ပထမဆုံး နိုင်ငံတကာခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံကို ပျံသန်း ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။

ပို့ဆောင်ရေးဝန်ကြီးဌာနက အမ်အန်အေမှာ အမေရိကန်ဒေါ်လာ ၃၇ သန်း ရင်းနှီးမြှုပ်နှံထားပြီး လေယာဉ်အသစ် ၁၆ စင်း ၀ယ်ယူခဲ့ပြီး ဗြိတိသျှလေကြောင်း အကြံပေးတဦးကိုလည်း ခန့်ထားတယ်လို့ Financial Times သတင်းတပုဒ် အရ သိရပါတယ်။

ပြည်တွင်းလေကြောင်းခရီးစဉ် ၂၆ ခုအပြင် လာမယ့်နှစ်ဆန်းပိုင်းအတွင်း အာရှပစိဖိတ်ဒေသတွင်းက နောက်ထပ် မြို့ ၅ မြို့မှာ တိုက်ရိုက်ပြေးဆွဲဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အာရှပစိဖိတ်ဒေသဟာ လေကြောင်း ပို့ဆောင်ရေးလုပ်ငန်း အလျင်အမြန် တိုးတက်နေတဲ့ ဒေသဖြစ်ပြီး ၂၀၃၃ ခုနှစ်အရောက်မှာ တကမ္ဘာလုံး ခရီးသွားတွေရဲ့ ၄၄ ရာခိုင်နှုန်း ဆိုက်ရောက်ထွက်ခွာရာ ဒေသဖြစ်လာမယ်လို့ Airbus Global Market က ခန့်မှန်းထားပါတယ်။

မြန်မာနဲ့ စင်ကာပူနိုင်ငံကို ပျံသန်း ပြေးဆွဲတဲ့ ခရီးစဉ်ကလည်း ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့  Capa Centre လေကြောင်းအကြံပေးအဖွဲ့က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013