DVB Logo
Home
နိုင်ငံရေး
မူလတန်း ပညာရေးအတွက် ငွေကောက်ခံနေဆဲ
DVB
·
June 15, 2011
Donate to DVB

အစိုး​ရသစ်ရဲ့​ ပြည်​ထောင်စုအဆင့်​ ပညာ​ရေး​ဝန်ကြီး​ဌာန မူလတန်း​ပညာ​ရေး​အခမဲ့​နဲ့​ ​ကျောင်း​အပ်ချိန် ​ငွေ​ကြေး​ကောက်ခံမှု မလုပ်ဖို့​ ​ပြောဆို​ပေမယ့်​ ဆက်လက် ​ကောက်ခံ​နေပါတယ်။

ဧရာဝတီတိုင်း​ ဘိုက​လေး​မြို့​နယ်က ​ကျေး​ရွာအုပ်စု​တွေမှာ မူလတန်း​ကျောင်း​ အပ်ချိန် ကျပ်​ငွေ ၃ ​ထောင် ​ပေး​ဆောင်​နေရတယ်လို့​ ​ကျောင်း​သား​မိဘတဦး​က ​ပြောပါတယ်။

ဒါ့​အပြင် ​ကျောင်း​သုံး​ဗလာစာအုပ်​တွေကိုပါ တိုင်း​ရန်ပုံ​ငွေအတွက်ဆိုပြီး​ ​ရောင်း​ ချ​နေတယ်လို့​ ဘိုက​လေး​မြို့​နယ် ကြိမ်​ချောင်း​ကြီး​ကျေး​ရွာအုပ်စုက ​ကျောင်း​သား​ မိဘတဦး​က အခုလို ​ပြောပါတယ်။

“မူလတန်း​အဆင့်​မှာ သူတို့​က ​ငွေ​ကြေး​မ​ကောက်ခံရဘူး​လို့​ ​ပြောတယ်။ ဒါ​ပေမယ့်​ ဒီမှာ ​ကျောင်း​သား​တ​ယောက်ကို ၃၀၀၀ ​လောက် ​ကောက်​နေတယ်။ ​ကျောင်း​အပ်တဲ့​အချိန်မှာ အဲဒါအပြင် သူတို့​က စာအုပ်​တွေ​ရောင်း​တယ်။ စာအုပ်​တွေ​ရောင်း​တော့​ ကျ​နော်တို့​က ​မေး​တယ်။ ဒီစာအုပ်က ဘယ်က​နေ ​ရောင်း​တာလဲဆို​တော့​ တိုင်း​ရန်ပုံ​ငွေအဖြစ်​ရောင်း​တာပါလို့​ သူတို့​ကိုယ်တိုင်က ​ပြောတယ်။”

မြို့​ပေါ်​ကျောင်း​တွေမှာ ​ကျောင်း​သုံး​စာအုပ်​တွေ၊​ ​ကျောင်း​အပ်ခ​တွေ အခမဲ့​ဖြစ်​ပေမယ့်​ ​ကျေး​ရွာ​တွေမှာ ​ကျောင်း​သုံး​စာအုပ်​ရော ​ကျောင်း​အပ်ခပါ ​ပေး​ဆောင် ရတာလို့​ အဲဒီ​ကျောင်း​သား​မိဘက ​ပြောပါတယ်။

“အပြင်​ဈေး​နဲ့​မကွာဘူး​။ ဒါ​ပေမယ့်​ သူက အခမဲ့​ပညာ​ရေး​စနစ်ဆိုပြီး​တော့​ မြို့​ပေါ်​ကျောင်း​တွေမှာ​တော့​ အဲဒါမျိုး​တွေ မရှိဘဲနဲ့​ စာအုပ်​တွေ​ပေး​တယ်။ အကုန်လုံး​ပေး​တယ်။ ​ကျောင်း​အပ်ခ​တောင်မှ ၂၀၀ ​လောက်ပဲ ရှိတယ်။ ဒီမှာ နယ်​တွေမှာကျ​တော့​ အဲဒီလိုမဟုတ်ဘဲနဲ့​ ၃၀၀၀ ​လောက် ​ကောက်ယူ​နေ​တော့​ ​ကျောင်း​အပ်တဲ့​အခါမှာ အခက်အခဲ​လေး​တွေ အနည်း​ငယ်ရှိကြတယ်။ ဧရာ​ကျေး​ရွာအုပ်စုရယ်၊​ ကဒုံ​ကျေး​ရွာအုပ်စုရယ်၊​ ပျဉ်​ချောင်း​ကျေး​ရွာအုပ်စု အဲဒီမှာလည်း​ ကျ​နော်လည်း​ ရှိ​နေတဲ့​အတွက် ဒီနယ်မှာဖြစ်​နေတာကို ကျ​နော်လည်း​ သိရတယ်။ မနှစ်တုန်း​က​တော့​ နိုင်ငံ​တော်က​နေပြီး​တော့​ မူလတန်း​အဆင့်​ပညာ​ရေး​ကို အခမဲ့​လို့​ မသတ်မှတ်တဲ့​အတွက် ဒီမှာ​တော့​ ​ကောက်ခံတယ်။ ဒီနှစ်​တော့​ မူလတန်း​အဆင့်​ကို စာအုပ်ကအစ အား​လုံး​အခမဲ့​ ဆိုပြီး​ပြောတာကို ​ကောက်ခံတဲ့​စနစ် ဖြစ်​နေတယ်။”

မူလတန်း​ကျောင်း​သား​တွေအတွက် ​ကျောင်း​သုံး​စာအုပ်​တွေကို အခမဲ့​ ဖြန့်​ဝေ​ပေး​ဖို့​ ပြီး​ခဲ့​တဲ့​ ​မေလ ၁၇ ရက်​နေ့​က ပြည်​ထောင်စုပညာ​ရေး​ဝန်ကြီး​ ​ဒေါက်တာ မြ​အေး​က ပြည်နယ်တိုင်း​ ပညာ​ရေး​မှူး​တွေကို ​တွေ့​ဆုံမှာကြား​ခဲ့​ပေမယ့်​ ​ကျောင်း​သား​ မိဘ​တွေအနနဲ့​ ​ကျောင်း​သုံး​စာအုပ်နဲ့​ ​ကျောင်း​အပ်ခကို ​ပေး​ဆောင်ရတာ ဖြစ်ပါတယ်။

ဝန်ကြီး​ပြောဆိုချက်နဲ့​ ဆန့်​ကျင်ပြီး​ ​ငွေ​ကြေး​ ​ကောက်ခံမှု​တွေကို မီဒီယာ​တွေက ​ဖော်ထုတ်​ရေး​သား​ပေမယ့်​ အ​ရေး​ယူ​ဆောင်ရွက်မှုမရှိဘဲ ကျန်တိုင်း​နဲ့​ပြည်နယ်​တွေမှာလည်း​ ဆက်လက်ဖြစ်ပွား​နေပါတယ်။

အစိုး​ရက ​မေလ ၂၃ ရက်​နေ့​က​နေ ၃၁ ရက်​နေ့​အထိကို ​ကျောင်း​အပ်နှံ​ရေး​ သီတင်း​ပတ်အဖြစ် သတ်မှတ်ပြီး​ ဇွန်လ ၁ ရက်​နေ့​မှာ​တော့​ ၂၀၁၁-၂၀၁၂ ပညာသင် နှစ်အတွက် မူလတန်း​၊​ အလယ်တန်း​၊​ အထက်တန်း​ စတဲ့​ အ​ခြေခံပညာ​ကျောင်း​အား​လုံး​ စတင်ဖွင့်​လှစ်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013