DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ ၀င်မည့် ကိုယ်စားလှယ်ပေါင်း ၆၁၀၀ ကျော်ရှိ
DVB
·
August 16, 2015
ရွေးကောက်ပွဲ ၀င်မည့် ကိုယ်စားလှယ်ပေါင်း ၆၁၀၀ ကျော်ရှိ
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်ပေါင်း ၆၁၈၉ ဦး ကော်မရှင်ထံ အမည်စာရင်း တင်သွင်းထားပြီး အန်အယ်လ်ဒီပါတီက ၁၁၅၁ ဦးနဲ့ အများဆုံးတင်ထားတယ်လို့ ကော်မရှင်က စုံစမ်းသိရှိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်မယ့်ကိုယ်စား လှယ်လောင်း စာရင်းပိတ်တဲ့ သြဂုတ် ၁၄၊ သောကြာနေ့ထိ အမည်စာရင်းတင်သွင်းသူ ကိုယ်စားလှယ်ပေါင်း ၆၁၈၉ ယောက်ရှိပြီး အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်းအမည်စာရင်း အရေအတွက် အများဆုံး တင်သွင်းခဲ့ပါတယ်။

အဓိက ပါတီကြီးတွေ အပါအ၀င် ပါတီပေါင်း ၉၀ လောက်က ကိုယ်စားလှယ်လောင်း ၆၁၀၀ ကျော် အမည်စာရင်းတင်သွင်းခဲ့ပြီး အန်အယ်လ်ဒီက ၁၁၅၁ ယောက်၊ ကြံ့ခိုင်ရေးက ၁၁၃၄ ယောက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တစည ပါတီက ၇၆၃ ယောက်နဲ့ အစဉ်လိုက် အများဆုံးတင်သွင်းခဲ့ကြပါတယ်။

ဒါ့အပြင် တနိုင်ငံလုံးမှာ တသီးပုဂ္ဂလကကိုယ်စားလှယ်ပေါင်း ၃၂၃ ယောက် ၀င်ရောက်အရွေးခံဖို့ အမည်စာရင်း တင်သွင်းထားပါတယ်။

စာရင်းပိတ်တဲ့ သြဂုတ် ၁၄ မတိုင်မီထိ အာဏာရကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်း အမည်စာရင်း အများဆုံးတင်သွင်းထားခဲ့တာဖြစ်ပြီး စာရင်းပိတ်တဲ့ နေ့မှာတော့ အတိုက်အခံ အန်အယ်လ်ဒီပါတီက ကျော်တက်သွားခဲ့တာ ဖြစ်ပါတယ်။

၁၄ ရက်မတိုင်မီ စာရင်းတွေအရ ကြံ့ခိုင်ရေးက ကိုယ်စားလှယ်အမည်စာရင်း ၁၁၄၇ ယောက် တင်သွင်းထားတာဖြစ်ပြီး အန်အယ်လ်ဒီက ၁၁၃၈ ဦး တင်သွင်းထားတာ ဖြစ်ပါတယ်။

အမည်စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းကို ပြန်လည်ရုပ်သိမ်းလိုပါက သြဂုတ် ၁၇ ထိ လုပ်ဆောင်နိုင်ပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း စိစစ်ခြင်းလုပ်ငန်းကို သြဂုတ် ၁၈ ရက်ကနေ ၂၇ ရက်အတွင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီတကြိမ် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းအရေအတွက် ၆၀၀၀ ကျော်ဟာ စံချိန်တင်များပြားတာဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကိုယ်စားလှယ် ၂၀၀၀ ကျော်၊၂၀၁၀ ရွေးကောက်ပွဲတုန်းက ၃၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြည်သူ့လွှတ်တော် ၃၃ဝ နေရာ၊ အမျိုးသား လွှတ်တော် ၁၆၈ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၆၄၄ နေရာ၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၁၁၇၁ နေရာအတွက် လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013