DVB Logo
Home
မြန်မာသတင်း
အန္တရာယ် ကျရောက်နိုင်ကြောင်း ကြိုတင်သုံးသပ်မိခဲ့ဟု ဦးရွှေမန်းပြော
DVB
·
August 16, 2015
အန္တရာယ် ကျရောက်နိုင်ကြောင်း ကြိုတင်သုံးသပ်မိခဲ့ဟု ဦးရွှေမန်းပြော
Donate to DVB

အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ နေရာကနေ အတင်းအကျပ် ဖယ်ရှားခံလိုက်ရတဲ့ သူရဦးရွှေမန်းက သူ့အတွက် အန္တရာယ်များစွာ ကျရောက်နိုင်တယ်ဆိုတာကို အစကတည်းက ကြိုတင်သုံးသပ်မိခဲ့ပေမယ့် ပြည်သူ့အတွက် ဘ၀ပေး လုပ်ဆောင်သွားဖို့ သူ့ကိုယ်သူ ကတိသစ္စာပြုအားပေးခဲ့တယ်လို့ ပြောပါတယ်။

သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ သြဂုတ် ၁၅ ရက်နေ့ ညနေပိုင်းက အခုလို ရေးသားထုတ်ဖော်ပြောကြားလိုက်တာပါ။

သူ့အနေနဲ့ အသက်အရွယ်ရရှိလာပြီ များများစားစား မကျန်တော့တဲ့အချိန်မှာ နိုင်ငံနဲ့  နိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းရေးသာ အဓိကဦးတည်ဆောင်ရွက်ဖို့ ဆန္ဒအမှန် ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူ့ကိုယ်စားလှယ်၊ လွှတ်တော်ဥက္ကဋ္ဌအဖြစ် အခွင့်အရေးရတဲ့အချိန်မှာ လွှတ်တော်ကိုလည်း  လက်ညှိုးထောင်ခေါင်းညိတ် လွှတ်တော် အဖြစ်မခံဘဲ  ဒီမိုကရေစီ လွှတ်တော် ဖြစ်အောင်  ဆောင်ရွက်ခဲ့ကြောင်း၊ ဒီလို ဆောင်ရွက်တဲ့ အချိန်ကစပြီး  အခက်အခဲများစွာ ကြုံတွေ့ခဲ့ရတယ်ဆိုပြီး ရေးသားထားပါတယ်။

ဒီလို ရေးသားတာဟာ  ပါတီ ဥက္ကဋ္ဌ  ရာထူးကနေ ဖြုတ်ချခံရအပြီးမှာ ဒုတိယ အကြိမ်ဖြစ်ပြီး သြဂုတ် ၁၄ ရက်နေ့တုန်းကလည်း “ပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် ပြည်သူများနှင့်အတူ နောက်ဆုံးအချိန်အထိ ဆက်လက်ဆောင်ရွက်သွားပါမယ်” ဆိုပြီး ကတိပြု ရေးသားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013