DVB Logo
Home
နိုင်ငံရေး
ဒေါ်အောင်ဆန်းစုကြည် သီတဂူဆရာတော်ကို ဂါရဝပြုဖူးမြော်
DVB
·
June 15, 2011
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်က သဲကုန်း​ သပိတ်အိုင်​တောရ သီတဂူဆရာ​တော် ​ဒေါက်တာအရှင်ဥာဏိဿရကို သွား​ရောက် ဂါရဝပြု ဖူး​မြော်ကြည်ညိုခဲ့​ပါတယ်။

မ​နေ့​ ည​နေ ၃ နာရီမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ဆရာ​တော်ဘုရား​ တည်ထောင်ပြီး​ မကြာခင်မှာ ဖွင့်​လှစ်ဖို့​ပြင်ဆင်​နေတဲ့​ ဒဂုံမြို့​သစ်​မြောက်ပိုင်း​က သီတဂူအပြည်ပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) မှာ သွား​ရောက် ဂါရဝပြု ဖူး​မြော်ကြည်ညိုခဲ့​တာ ဖြစ်တယ်လို့​ အဖွဲ့​ချုပ်ဗဟိုပြန်​ကြား​ရေး​အဖွဲ့ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ဆရာ​တော်ဘုရား​ကြီး​ရဲ့​ မိန့်​ကြား​ချက်​တွေကိုလည်း​ ဦး​အုန်း​ကြိုင်ကပဲ အခုလို ဆက်​ပြောပြပါတယ်။

“ည​နေ ၃ နာရီက​နေ ၅ နာရီအထိ ဆရာ​တော်ဘုရား​ကြီး​က​နေ သီတဂူဗုဒ္ဓတက္ကသိုလ်နဲ့​ ပတ်သက်လို့​လည်း​ကောင်း​။ ​နောက်သူ​ဆောင်ရွက်​နေတဲ့​ သာသနာနဲ့​ပတ်သက်တဲ့​ သာသနာပြန့်​ပွား​ရေး​ လုပ်ငန်း​များ​နဲ့​ ပတ်သက်ပြီး​တော့​သော်လည်း​ကောင်း​။ ​နောက်​တော့​ သူစု​ဆောင်း​ထား​တဲ့​ သာသနာ့​သမိုင်း​၊​ ​နောက်​တော့​ မြန်မာယဉ်​ကျေး​မှုသမိုင်း​ စတဲ့​ အဲဒါ​တွေနဲ့​ ပတ်သက်လို့​လည်း​ကောင်း​ ဆရာ​တော်ဘုရား​ကြီး​က မိန့်​ကြား​ပါတယ်။ အတွင်း​ရေး​မှူး​က ၂ နာရီကြာ ဝမ်း​မြောက်ဝမ်း​သာ နာယူပါတယ်။ အဲဒီ​နောက် ဆရာ​တော်ဘုရား​ကြီး​က ည​နေ ၅ နာရီ​လောက်မှာ သူစီစဉ်ထား​တဲ့​ သီတဂူ ဗုဒ္ဓတက္ကသိုလ်ရဲ့​ အ​ဆောင်အခန်း​များ​ကို လိုက်လံပြသတယ်။ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​က လိုက်လံကြည့်​ရှုပြီး​တော့​ ည​နေ ၅ နာရီခွဲ​လောက်မှာ ပြန်လည်ထွက်ခွာလာတယ်။”

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဆရာ​တော်အရှင်ဥာဏိဿရကို လွန်ခဲ့​တဲ့​ သုံး​လ​လောက်ကတည်း​က ကြည်ညိုဖူး​မြော်ဖို့​ အစီအစဉ်ရှိ​ပေမယ့်​ အခုအချိန်မှ မြော်ခွင့်​ရတာဖြစ်တယ်လို့​လည်း​ ဦး​အုန်း​ကြိုင်က ဆိုပါတယ်။

“အ​ထွေ​ထွေအတွင်း​ရေး​မှူး​က လွန်ခဲ့​တဲ့​ ၂ လ၊​ ၃လ​လောက်ကတည်း​က ဆရာ​တော်ဘုရား​ကြီး​ကို ဖူး​မြော်ဖို့​ အစီအစဉ်ရှိတယ်လို့​ သိပါတယ်။ ​နောက်ပိုင်း​ကျ​တော့​ ဆရာ​တော်ဘုရား​ကြီး​နဲ့​ အခုလို ရန်ကုန်မှာဆုံဖို့​ အခိုက်အတန့်​မကြုံတာရယ်၊​ တခြား​သော လုပ်ငန်း​တာဝန်​တွေက များ​ပြား​နေတာရယ်​ကြောင့်​ မဆုံဖြစ်တာပါ။ ဒီတခါ​တော့​ ဆိုက်ဆိုက်မြိုက်မြိုက် သွား​ပြီး​တော့​ ဖူး​မြော်တာလို့​ ကျ​နော်ထင်ပါတယ်။”

မနက်ဖြန် ဒီလ (၁၆) ရက်​နေ့​က စတင်ပြီး​ ၅ ရက်ကြာ ကျင်း​ပပြုလုပ်မယ့်​ သီတဂူ အပြည်အပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်​ပွဲအခမ်း​အနား​ကို နိုင်ငံ​တော်သမ္မတအပါအဝင် ပြည်​ထောင်စု အစိုး​ရဝန်ကြီး​တွေ၊​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်အပါဝင် နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ အစိုး​ရမဟုတ်တဲ့​ လူမှု​ရေး​အသင်း​အဖွဲ့​တွေကို ဆရာ​တော်ကြီး​က ဖိတ်ကြား​ခဲ​ပေမယ့်​လည်း​ အာဏာပိုင်​တွေဘက်က နိုင်ငံ​ရေး​ပါတီ​တွေကို ဖိတ်ကြား​တာ ခွင့်​မပြုတာ​ကြောင့်​ လူပုဂ္ဂိုလ်​တွေအလိုက် ပြန်လည်ပြင်ဆင်ဖိတ်ကြား​ခဲ့​ရပါတယ်။

ဒီလိုပြင်ဆင်ဖိတ်ကြား​လွှာကို လက်ခံရရှိထား​တဲ့​ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်သန်း​သန်း​နုက အခုလို​ပြောပါတယ်။

“သူက ကျမတို့​ကို ဖိတ်စာအသစ်​ပေး​တဲ့​နေရာမှာ စာတ​စောင်တွဲပါလာတယ်။ အဲဒါက​တော့​ အတွင်း​ရေး​မှူး​ ဦး​ဟန်က လက်မှတ်ထိုး​ပြီး​ပါလာတယ်။ အဲဒီစာမှာ​တော့​ ဒီပွဲလုပ်ရတာက စစ်ကိုင်း​က ဗုဒ္ဓတက္ကသိုလ်ရဲ့​ ဌာနခွဲတခု​ပေါ့​။ မန္တ​လေး​မှာလည်း​ တခုရှိတယ်။ အခုရန်ကုန်ဌာန​ပေါ့​။ အဲဒီရန်ကုန်ဌာနခွဲရဲ့​ ဖွင့်​ပွဲကိုသူတက်​စေချင်တာလည်း​ ပါတယ်။ ​နောက်တခါ သီတဂူ ဗုဒ္ဓတက္ကသိုလ်အ​နေနဲ့​ ဗုဒ္ဓနဲ့​ ပတ်သက်တဲ့​ ထိန်း​သိမ်း​စရာ​တွေ၊​ တရား​တော်​တွေ၊​ အကုန်လုံး​ထိန်း​သိမ်း​စရာ ရှိတာ​တွေကို ဘယ်လိုထိန်း​သိမ်း​ပြုစုထား​တယ်ဆိုတာ ပြချင်တာ အဲဒါလည်း​ပါတယ်။ ​နောက်တခုက သာသနာပြန့်​ပွား​ရေး​အတွက် ဘယ်လို​ဆောင်ရွက်​နေပါတယ်ဆိုတာကို အဲဒါကို သိ​စေချင်တာလည်း​ ပါတယ်။ နိုင်ငံ​ရေး​အတွက် မဟုတ်ပါဘူး​။ အဲဒီလိုဟာ​လေး​ပါလာတယ်။ အဲဒီက​နေပြီး​တော့​ ဘယ်လိုရလဒ်​တွေ ထွက်လာမလဲဆိုတာ​တော့​ ကျမလည်း​မသိဘူး​။ ဆရာ​တော်ကြီး​က ဘယ်လိုမိန့်​မလည်း​ မသိဘူး​။ တခုရှိတာက​တော့​ ဆရာ​တော်အ​နေနဲ့​က အား​လုံး​သင့်​သင့်​မြတ်မြတ်နဲ့​ အကုန်လုံး​လက်တွဲ ​ဆောင်ရွက်ကြဖို့​ပေါ့​။ နိုင်ငံ​တော် တည်​ဆောက်​ရေး​ကာလမှာ၊​ အဲလိုပဲ ​ပြောဖို့​ရှိတာပဲ။ ဒါက​တော့​ ဆရာ​တော်အ​နေနဲ့​ ဆိုရင်လည်း​ ဒီလို​ပြောမယ်။ လူကြီး​သူမ​တွေ ​ခေါ်လည်း​ ဒီလို​ပြောမယ်။ ဒါပဲရှိတာပဲ​လေ။”

သဲကုန်း​ သပိတ်အိုင်​တောရ သီတဂူဆရာ​တော် ​ဒေါက်တာအရှင်ဥာဏိဿရဟာ သီတဂူအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း​) ကို ၁၉၉၆ က စတင်တည်​ထောင်ဖွင့်​လှစ်ခဲ့​တာဖြစ်ပြီး​ မန္တ​လေး​နဲ့​ ရန်ကုန်မြို့​တွေမှာ ​ကျောင်း​တိုက်​တွေကို ထပ်မံတိုး​ချဲဖွင့်​လှစ်​နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013