DVB Logo
Home
လူမှုရေး
ဒေါ်ကြည်ကြည် ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ကျင်းပ
DVB
·
June 15, 2011
Donate to DVB

[caption id="attachment_10774" align="alignleft" width="300" caption="​ဒေါ်ကြည်ကြည်"][/caption]

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့​ ​ ဥက္ကဋ္ဌဟောင်း  သခင်ဇင် (ကွယ်လွန်) ရဲ့​ ဇနီး​ ​ဒေါ်ကြည်ကြည် ကွယ်လွန်ခြင်း​ ၁၀ နှစ်ပြည့်​အခမ်း​အနား​ကို ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်း​က​နေ အိမ်ရှိရာ ၄၇/၄၉ ဓမ္မဝိဟာရလမ်း​ ​ကျောက်​မြောင်း​နေအိမ်မှာ ပြုလုပ်ခဲ့​ပါတယ်။

အခမ်း​အနား​ပွဲကို ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် ​ဒေါ်ကြည်ကြည်ကို ​လေး​စား​သူ နိုင်ငံ​ရေး​နယ်ပယ်က မိတ်​ဆွေများ​ တက်​ရောက်ခဲ့​ပါတယ်။

ဒေါ်ကြည်ကြည်ဟာ ၁၉၂၀ ​မေလ ၁၈ ရက်မှာ ရန်ကုန်မြို့​မှာ ​မွေး​ဖွား​ခဲ့​ပြီး​ ၁၉၄၇ ​မေလမှာ သခင်ဇင်နဲ့​ လက်ထပ်ခဲ့​ပါတယ်။

၁၉၄၈ မှာ ကွန်မြူနစ်ပါတီနဲ့​အတူ ​တောခိုခဲ့​ပြီး​ ၁၉၅၉ မှာသား​သမီး​ ၄ ဦး​နဲ့​အတူ ​တောတွင်း​တ​နေရာမှာအဖမ်း​ခံခဲ့​ရပြီး​ ​ထောင်ဒဏ် ၂ နှစ် ကျခံခဲ့​ရပါတယ်။

၁၉၆၇ ဇူလိုင်လ ၈ ရက်မှ ၁၉၇၂ ​ဖေ​ဖော်ဝါရီ ၂၃ ရက်အထိ ဦး​နေဝင်း​အစိုး​ရရဲ့​ ဖမ်း​ဆီး​ထောင်ချခြင်း​ကို ၅ နှစ်ကြာ ခံခဲ့​ရပါတယ်။ အဲ​နောက် ၁၉၈၇ ဇန်နဝါရီ ၁၅ မှ ၁၉၈၈ ဇူလိုင် ၁၅ ရက်အထိ တနှစ်ခွဲအကြာ ထိန်း​သိမ်း​ခံရပြီး​ ၁၉၈၉ ဇူလိုင် ၂၁ မှ ၁၉၉၉ ဇူလိုင် ၁၁ ရက်အထိ ၁၀ နှစ်ကြာ ဖမ်း​ဆီး​ ​ထောင်ချခဲခဲ့​ရပြီး​ ၂၀၀၁ ဇွန်လ ၁၅ ရက်​နေ့​မှာ နှလုံး​ရောဂါနဲ့​ ကွယ်လွန်ခဲ့​တာ ဖြစ်ပါတယ်။

ဒေါ်ကြည်ကြည် ကွယ်လွန်ချိန်မှာ စာ​ရေး​ဆရာမကြီး​ လူထု​ဒေါ်အမာက သတ္တိ​ကောင်း​ပြီး​ အ​ပြောမာတဲ့​ မိန်း​မမို့​လို့​ နှ​မြောလိုက်ပါရဲ့​လို့​ လက်ကမ်း​ကြော်ငြာမှာ ​ရေး​ပေး​လောက်ရ​အောင် သတ္တိ​ကောင်း​သူ အမျိုး​သမီး​ကြီး​တဦး​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013