DVB Logo
Home
Lead Story
ထိုင်းနယ်စပ် ကရင်နီဒုက္ခသည်စခန်းအနီး ရေကြီး
DVB
·
August 14, 2015
ထိုင်းနယ်စပ် ကရင်နီဒုက္ခသည်စခန်းအနီး ရေကြီး
1 / 5
Donate to DVB

မြန်မာပြည်သားတွေ အများအပြားနေထိုင်ကြတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် နိုင်းစွယ်ဒေသ နေရာတော်တော်များများမှာ ရေကြီးရေလျှံမှုတွေဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

ခုရက်ပိုင်းအတွင်း မိုးတွေဆက်တိုက်ရွာတာကြောင့် တောင်ကျချောင်းရေတွေ လျှံကျပြီး သြဂုတ်လ ၁၃ ရက်နေ့က နိုင်းဆွယ်ကျေးရွာ ၅ ရပ်ကွက်ထဲကို ရေတွေဝင်လာတယ်လို့ ကရင်နီဒုက္ခသည်စခန်း ပင်မရုံးနေ နော်လူမြာက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညက ကျမတို့ရွာထဲ ရေတွေဝင်လာတယ်။ ဒီရုံးထဲမှာရော ပေါင်လယ်လောက်ထိ တက်တယ်။ အခုထိ နည်းနည်းဘဲ ကျသေးတယ်။ ပစ္စည်းတွေ အကုန်ရွှေ့နေတာ မပြီးသေးဘူး။ ရွာထဲမှာ ဘယ်နှစ်အိမ်ရေ၀င်လဲတော့ မသိဘူရှင့်၊ သွားကြည့်လို့ မရဘူး။”

နိုင်းစွယ် ၅ ရပ်ကွက်ဟာ ကရင်နီဒုက္ခသည်စခန်း အပြင်ဘက်မှာရှိပြီး မြေမြှုပ်မိုင်းကြောင့် မသန်မစွမ်းဖြစ်သွားရတွေကို ထားရှိတယ်လို့ ဆိုပါတယ်။  စခန်းတွင်းက ရေးတက်မှု အခြေအနေကိုတော့ မသိရပါဘူး။

ထိုင်း သည်နေးရှင်းသတင်းထုတ်ပြန်ချက်မှာတော့ မယ်ဟောင်ဆောင်မြို့မှာ သြဂုတ်လ ၁၃ ရက်နေ့က ရေကြီးမှုဖြစ်ပွားတာကြောင့် နားပူပွမ့်၊ ပန်မဖာ့၊ ဆွတ်ပေါင်နဲ့ ထာ့လွတ်ကျေးရွာ အုပ်စုတွေမှာ ရေတွေဝင်ပြီး ကွန်ဂရစ်တံတားတစင်းနဲ့ သစ်သားတံတား ၂ စင်းကျိုးကျ ရေထဲမြောပါသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မယ်ဟောင်ဆောင်ရဲ့ ခရီးသည်တွေကို ဆွဲဆောင်တဲ့ ဆုတောင်းပြည့်ဘုရား အသွားလမ်းမှာရှိတဲ့  ၀ါးတံတား ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်လေးစီးရေမြောပါခဲ့သလို လယ်မြေဧက ၂၀၀ ကျော် ရေနစ်မြုပ်ခဲ့တယ်လို့  ခရိုင်ဝန်ရဲ့ ပြောဆိုချက်ကိုကားဖော်ပြထားပါတယ်။

ဓာတ်ပုံ - ဌေးလွင်

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013