DVB Logo
Home
မြန်မာသတင်း
အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ၁၁၃၈ ဦး ရွေးကောက်ပွဲဝင်ရန် စာရင်းတင်
DVB
·
August 14, 2015
အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ၁၁၃၈ ဦး ရွေးကောက်ပွဲဝင်ရန် စာရင်းတင်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ မဲဆန္ဒနယ်နေရာ အားလုံး ၀င်ပြိုင်မှာမဟုတ်ဘဲ ပါတီကိုယ်စားလှယ်လောင်းပေါင်း ၁၁၃၈ ဦးဝင်ပြိုင်ဖို့  ကော်မရှင် နောက်ဆုံး သတ်မှတ်ရက်ဖြစ်တဲ့  သြဂုတ် ၁၄ ရက်ထိ စာရင်းတင်သွင်းပါတယ်။

ဝင်ပြိုင်ဖို့ စာရင်းမတင်နိုင်တဲ့ နေရာ ၃၀ ကျော်ဟာ ရှမ်းပြည်နယ်ထဲက မဲဆန္ဒနယ်မြေတွေများပြီး ရွေးကောက်ပွဲလုပ်ဖို့ မသေချာတဲ့ နေရာတွေလည်း ဖြစ်တယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ပြောပါတယ်။

“၁၁၇၁ က တနိုင်ငံလုံးကို ပြောတာ၊ မကျင်းပနိုင်တဲ့နေရာတွေရှိတယ်။ နောက်တခုက ကျနော်တို့ရဲ့ မဟာမိတ်ပါတီတွေ သေချာပေါက်နိုင်မယ့် နေရာမျိုးကျ ကျနော်တို့က ၀င်မပြိုင်ဘူးလေ။”

အဖွဲ့ချုပ်အနေနဲ့ ပြည်သူ့လွှတ်တော် ၃၁၉ နေရာ၊ အမျိုးသားလွှတ်တော် ၁၆၆ နေရာ၊ ပြည်နယ်တိုင်းဒေသကြီး လွှတ်တော် ၆၂၄ နေရာနဲ့ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နေရာ ၂၉ နေရာတို့မှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အဖွဲ့ချုပ်အနေနဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ပထမအကြိမ် ထုတ်ပြန်ကြေညာ ပြီးတဲ့နောက်ပိုင်း ကိုယ်စားလှယ်လောင်း ၆၇ ယောက်ကို အပြောင်းအလဲလုပ်ခဲ့ပြီး အခု အပြီးသတ် အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကိုယ်စားလှယ်လောင်း အပြောင်းအလဲ လုပ်ခဲ့ရတာနဲ့ပတ်သက်ပြီး ဦးဝင်းမြင့်က “ရွေးကောက်ပွဲ ကျင်းပမယ့်နေ့နဲ့ တဆက်တစပ်တည်း နိုင်ငံတွင်း ၁၀ နှစ် မရှိဘူးဗျာ၊ တချို့ဆို Green ကတ်တွေဘာတွေနဲ့ ပြင်ပ ရောက်နေတယ်ဗျာ။ ဒါမျိုးတွေ၊ နောက် တချို့ကျ မိဘနှစ်ပါးက နိုင်ငံသား မဟုတ်ကြဘူးဗျာ၊ အဲ့ဒါတွေ ပေါ်လာတယ်ဗျာ။ တချို့ကျတော့ ကျန်းမာရေးဗျာ၊ အခုကျမှ လေဖြတ်တာ ရှိတယ်၊ အခုကျမှ နှလုံးရောဂါပေါ်လာလို့ နိုင်ငံခြားသွားကုနေရတာ ရှိတယ်၊ တချို့ကျတော့ စီးပွားရေးဗျာ၊ စီးပွားရေးက မလွတ်မလပ်ဘူးဗျာ၊ တချို့ကျတော့ အမှုတန်းလန်းဗျာ” လို့ ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သြဂုတ် ၁၃ ရက် ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားသူပေါင်း ၅၄၀၀ ကျော်ရှိပြီး ဒီထဲ အာဏာရပြည်ခိုင်ဖြိုးပါတီက ၁၁၄၇ ယောက်နဲ့ အများဆုံး တင်သွင်းထားပါတယ်။

အဲ့ဒီနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၁၃၈ နဲ့ ဒုတိယ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၇၀၀ ကျော်နဲ့ တတိယ အများဆုံး စာရင်းတင်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013