DVB Logo
Home
လူမှုရေး
မြန်မာအလုပ်သမားများ ခွဲခြားခံရမှု အိုင်အယ်လ်အိုကို တိုင်ကြား
DVB
·
June 15, 2011
Donate to DVB

ထိုင်း​နိုင်ငံက မြန်မာအလုပ်သမား​တွေ ခွဲခြား​ခံရမှုကို ထိုင်း​ဖက်စပ်အလုပ်သမား​သမဂ္ဂ SERC က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ကျင်း​ပ​နေတဲ့​ အကြိမ် ၁ဝဝ ​မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား​အဖွဲ့​ချုပ် (အိုင်အယ်လ်အို) ညီလာခံမှာ တိုင်ကြား​ စာတင်သွင်း​လိုက်ပါတယ်။

ဒီတိုင်ကြား​စာမှာ ထိုင်း​အစိုး​ရနဲ့​ထိုင်း​အလုပ်ရှင်​တွေဟာ မြန်မာအလုပ်သမား​တွေရဲ့​ ရပိုင်ခွင့်​ အခွင့်​အ​ရေး​တွေကို စနစ်တကျ ​ဖောက်ဖျက်​နေတယ်လို့​ ​ဖော်ပြထား​ပါတယ်။

SERC အကြံ​ပေး​ မစ္စတာစုန်း​ဘွန်း​ စက်ပစန်က “အလုပ်သမား​စောင့်​ရှောက်​ရေး​မှာ ထိုင်း​အစိုး​ရက နိုင်ငံခြား​အလုပ်သမား​တွေကို ထိုင်း​အလုပ်သမား​တွေနဲ့​ တန်း​တူ ကျင့်​သုံး​ဖို့​ အိုင်အယ်လ်အိုကို ကျ​နော်တို့​တင်ပြတယ်။ အထူး​သဖြင့်​ အလုပ်ခွင်အတွင်း​ မ​တော်တဆဖြစ်မှု​တွေမှာ တန်း​တူ ​လျော်​ကြေး​ပေး​ဖို့​။ ဒီကိစ္စမှာ ထိုင်း​အစိုး​ရက နည်း​အမျိုး​မျိုး​နဲ့​ ​ခေါင်း​ရှောင်​နေတယ်။ အလုပ်သမား​ဝန်ကြီး​ဌာနက ​လျော်​ကြေး​အစား​ အထူး​ထောက်ပံ့​ငွေကို​ပေး​ဖို့​လုပ်လာတယ်။ ဒါမမှန်ဘူး​ခင်ဗျ။ ကျ​နော်တို့​ ထိုင်း​နိုင်ငံမှာလာပြီး​လုပ်တဲ့​ နိုင်ငံခြား​အလုပ်သမား​တွေအ​ပေါ် တန်း​တူ ​စောင့်​ရှောက်မှု​တွေ​ပေး​ တာကို ကျ​နော်တို့​ကလည်း​ လုပ်ရမယ်ဗျ။ ကျ​နော်တို့​ထိုင်း​တွေက နိုင်ငံခြား​မှာ အလုပ်သွား​ လုပ်တဲ့​အခါမှာ အဲဒီနိုင်ငံက ခုလို ခွဲခြား​ကျင့်​သုံး​တာ​တွေကို မလုပ်လာ​အောင် ကျ​နော်တို့​နိုင်ငံမှာ လာလုပ်တဲ့​ အလုပ်သမား​တွေကို တန်း​တူ ကျင့်​သုံး​ပြဖို့​လိုတယ်” လို့​ ​ပြောပါတယ်။

SERC က အိုင်အယ်လ်အိုကို တိုင်ကြား​ချက်နဲ့​ပတ်သက်ပြီး​ ထိုင်း​အစိုး​ရ လူမှု​ရေး​ထောက်ပံ့​ အာမခံဌာနအတွင်း​ရေး​မှူး​ မစ္စတာ ပန်ဝမ်နဖိနစ်က အလုပ်သမား​မှတ်ပုံတင်မရှိတဲ့​ မြန်မာအလုပ်သမား​တွေဟာ ဥပ​ဒေအရဆိုရင် ပြည်ခိုး​ဝင်မှုနဲ့​အ​ရေး​ယူပြီး​ မူရင်း​နိုင်ငံကို ပြန်ပို့​လိုက်ရမယ့်​သူ​တွေဖြစ်တယ်လို့​ မီဒီယာ​တွေကို ​ပြောပါတယ်။

ဒါ​ပေမယ့်​ အရမ်း​များ​လွန်း​လို့​ ဖမ်း​ချုပ်ထား​ဖို့​နေရာ ထိုင်း​မှာမရှိတဲ့​အတွက် သူတို့​ကို ပြန်မပို့​ခင်စပ်ကြား​မှာ ဖမ်း​ချုပ်မထား​ဘဲ အလုပ်လုပ်ပြီး​ ကိုယ့်​စား​စရိတ်ကိုယ် ရှာ​ဖွေနိုင်ကြဖို့​ တနှစ်စာ ယာယီအလုပ်လုပ်ခွင့်​ကို ​ပေး​ထား​တာ ဖြစ်ပြီး​ ​နောက်ပိုင်း​မှာ နိုင်ငံသား​စိစစ်​ရေး​တွေ လုပ်​ပေး​တာ​တွေရှိလာပြီး​ တချို့​အလုပ်သမား​တွေဟာ တရား​ဝင်ဖြစ်လာ​ကြောင်း​၊​ တရား​ဝင် ဖြစ်ပြီး​တဲ့​ အလုပ်သမား​တွေကိုသာ ထိုင်း​အလုပ်သမား​တွေနဲ့​ အဆင့်​တူ လူမှု​စောင့်​ရှောက်​ရေး​ဌာနက ခံစား​ခွင့်​တွေ ​ပေး​တာ ဖြစ်တယ်လို့​ ​ပြောပါတယ်။

ယာယီ ထိန်း​သိမ်း​ထား​ခံရသူ​တွေ မ​တော်တဆထိခိုက်ဒဏ်ရာ ရတာ​တွေဖြစ်ပွား​ရင် သူတို့​ရဲ့​အလုပ်ရှင်​တွေက သာတာဝန်ယူရမှာဖြစ်ပါတယ်လို့​လည်း​ မီဒီယာ​တွေကို ရှင်း​လင်း​ပြောကြား​ပါတယ်။

ထိုင်း​နိုင်ငံ ဖက်စပ် အလုပ်သမား​ သမဂ္ဂ SERC အကြံ​ပေး​က​တော့​ တရား​ဝင်လက်မှတ်ကိုင်​ဆောင်ထား​သူ​တွေကို ထိုင်း​အလုပ်သမား​တွေနဲ့​တန်း​တူ ​စောင့်​ရှောက်မှု​တွေ ​ပေး​နိုင်တဲ့​ လက်​တွေ့​ကျတဲ့​ ဥပ​ဒေ ​ရေ​ရေရာရာမရှိ​သေး​ဘူး​လို့​ဆိုပါတယ်။

အိုင်အယ်လ်အို အလုပ်သမား​ညီလာခံကို တိုင်စာတင်တဲ့​နေ့​မှာပဲ SERC ဟာ မ​နေ့​က ဘန်​ကောက်မြို့​ ကုလသမဂ္ဂရုံး​ရှေ့​မှာ ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့​ပါတယ်။

ဒီဆန္ဒပြပွဲမှာ မြန်မာအလုပ်သမား​တွေကို ထိုင်း​အစိုး​ရက ​စောင့်​ရှောက်မှု ပျက်ကွက်တာ​တွေနဲ့​ ပတ်သက်ပြီး​ အိုင်အယ်လ်အိုက ထိုင်း​အစိုး​ရကို စုံစမ်း​စစ်​ဆေး​ရေး​လုပ်ဖို့​ ​တောင်း​ဆိုကြတယ်လို့​ ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013