DVB Logo
Home
မြန်မာသတင်း
ကိုယ်စားလှယ် ရုပ်သိမ်းရေး ဥပဒေကြမ်း ကော်မရှင် ထပ်တင်
DVB
·
August 14, 2015
ကိုယ်စားလှယ် ရုပ်သိမ်းရေး ဥပဒေကြမ်း ကော်မရှင် ထပ်တင်
Donate to DVB

လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို သြဂုတ် ၁၃ ရက်မှာ ကော်မရှင်က ပြည်ထောင်စုလွှတ်တော်ထံ ထပ်မံတင်ပြလိုက်ပါတယ်။

အာဏာရ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌနေရာက ဖယ်ရှားပြီး ထိပ်တန်းပါတီခေါင်းဆောင်အဖွဲ့ အပြောင်းအလဲပြုလုပ်ကြောင်း ကြေညာချက်ထုတ်တဲ့နေ့မှာပဲ ကော်မရှင်က ကိုယ်စားလှယ်ရုပ်သိမ်းခွင့် ဥပဒေကြမ်းကို လွှတ်တော်ထံ ထပ်မံတင်ပြလိုက်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ပြုစုတင်ပြထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်ထံ စတုတ္ထအကြိမ် ပေးပို့လိုက်တာလို့ အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။

ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းနိုင်တဲ့ ဥပဒေကြမ်းကို ကော်မရှင်က ၂၀၁၂ ခုနှစ် သြဂုတ် ၂၇ ရက်မှာတကြိမ်၊ ၂၀၁၃ ခုနှစ် သြဂုတ် ၂၈ ရက်မှာ တကြိမ်၊ ၂၀၁၅ ခုနှစ် ဇူလိုင် ၃ ရက်မှာတကြိမ် လွှတ်တော်တင်ခဲ့ပေမယ့် လွှတ်တော်က အတည်ပြုနိုင်ခဲ့ခြင်း မရှိတာကြောင့် အခုလို ထပ်ပို့ရတာလို့ သတင်းက ဆိုပါတယ်။

သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက အခု လတ်တလော ဖြစ်ပွားနေတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ပဋိပက္ခမှာ ဒီဥပဒေကြမ်းကို သုံးချင်လို့ အရေးတကြီး တင်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“ကော်မရှင်က လွှတ်တော်ကို တင်တုန်းက သူတို့ဆီမှာ တိုင်တန်းထားတဲ့ အမှုတွေရှိလို့၊ စုံစမ်းစစ်ဆေးဖို့ ရှိလို့ဆိုပြီး တင်ခဲ့တာ။ အခုကျတော့ ပါတီတွင်း ပဋိပက္ခ ဦးရွှေမန်းနဲ့ ဦးသိန်းစိန် ပေါ့၊ အဲ့ဒီပဋိပက္ခတွေက ထင်ထင်ရှာရှား ဖြစ်လာတဲ့ အခါကျတော့ ဒါအတွက် အရေးတကြီး ဆောင်ရွက်ချင်တဲ့ ပုံစံ၊ အဲ့ဒီလို တွက်မယ်ဆိုရင်လည်း မမှားပါဘူး။”

၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေပြဋ္ဌာန်းချက်တွေအရ မဲဆန္ဒရှင်တွေက လွှတ်တော်ကိုယ်စားလှယ်ကို ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခွင့်ရှိသလို ရွေးကောက်ပွဲ ကော်မရှင်ကလည်း တိုင်တန်းသူရှိရင် စုံစမ်းစစ်ဆေး အရေးယူခွင့်  ရှိပါတယ်။

ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ထွက်ပေါ်လာခြင်း မရှိတဲ့အတွက် လက်တွေ့မှာ ကိုယ်စားလှယ်တွေကို ဖြုတ်ချခွင့်မရှိ ဖြစ်နေတာပါ။

ပြီးခဲ့တဲ့လပိုင်းအတွင်း ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင် သူရဦးရွှေမန်းနဲ့ ပါတီခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးသိန်းဇော်တို့ကို သူတို့ မဲဆန္ဒနယ်မြေက ထောင်နဲ့ချီတဲ့ ပြည်သူတွေက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးဖို့ ကော်မရှင်ထံ တိုင်တန်းထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013